MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

Thilawa Multipurpose International Terminal

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဂျပန်နိုင်ငံအစိုးရ၏ ချေးငွေအထောက်အပံ့ (ODA Loan) ဂျပန်ယန်း (၂၃၄၈၀)သန်း (အမေရိကန်ဒေါ်လာ ၂၀၈.၉၃ သန်း)နှင့် အခြားစရိတ်အပါအဝင် စုစု ပေါင်း အမေရိကန်ဒေါ်လာ (၂၂၂)သန်းဖြင့် သီလဝါကမ်းနားဒေသ၊ အကွက် အမှတ်(၂၅)(၂၆)တွင် ခေတ်မီဘက်စုံသုံးကုန်သေတ္တာ ဆိပ်ကမ်းတံတား(၂)စင်းနှင့် အကွက်အမှတ် (၂၅)၏ နောက်ခံမြေ (၁၆၅၇၀၀ စတုရန်းမီတာ / ၄၁ ဧက)ပေါ်တွင် ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် ကုန်ကိုင်တွယ်စက်ကရိယာများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဂျပန်မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်သော Thilawa Multipurpose International Terminal (TMIT) Co., Ltd. သို့ ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်ခွင့် (၃၈)နှစ်ကို ၂၀၂၀၁၉ ရက်နေ့မှစ၍ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားခဲ့ပါသည်။