MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

International Bulk Terminal Thilawa-IBTT

Capital Diamond Star Group၊ Kamigumi Co., Ltd. နှင့် Lluvia Co., Ltd. တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသည် အမှတ် ၃၀ နှင့် ၃၁၊ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဧရိယာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုချက်ဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Diamond Star Co.,Ltd တို့သည် စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံ အထူးပြု အစုအပုံလိုက် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ခေတ်မီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၃.၅.၂၀၁၅ ရက်နေ့တွင် BOT စာချုပ်နှင့် မြေငှားစာချုပ်တို့ဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။  IBTT ပရောဂျက်တွင် ဆိပ်ကမ်း ဂိတ်တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းသာမက စပါးများ ကိုင်တွယ်ရာတွင် အဓိကအားဖြင့် သီးသန့် terminal လည်ပတ်ခြင်းနှင့် ဆက်စပ်သော ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းလည်း ပါဝင်သည်။
အထူးသဖြင့် ဘက်စုံသုံး ဆိပ်ကမ်းနှင့် ကုန်သေတ္တာဂိတ်များတွင် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် International Bulk Terminal သည်သီလဝါတွင် မြန်မာနိုင်ငံအတွက်ပထမဆုံးသော Bulk Terminal တစ်ခုဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချပေးပြီး ကုန်စည်ပို့ဆောင်ရာတွင် စျေးသက်သာပြီး ပိုမိုထိရောက်စေခြင်းဖြင့် မြန်မာ့ထောက်ပံ့ရေးကွင်းဆက်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေပါသည်။