MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

MCV LNG Terminal

MCV Terminal Limited သည် ဟောင်ကောင်နိုင်ငံအခြေစိုက်၊ CNTIC Vpower International Terminal (Yangon) Limited မှ အစုရှယ်ယာ ၅၇ % နှင့် မြန်မာနိုင်ငံရှိ Myanmar Business Consultant Group Limited မှ အစုရှယ်ယာ ၄၃ % တို့ ပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CNTIC Vpower YG2 Limited သည် သီလဝါဆိပ်ကမ်းဒေသ၊ မြေကွက်အမှတ်(၁၄)တွင် ၃၅၀ မဂ္ဂါဝပ် LNG စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတွင် လိုအပ်သည့် LNG များအား ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲပိုင်ခွင့် ရှိသော သီလဝါမြေကွက်အမှတ်(၁၃၊ ၁၄)၏ ရေဘက် မျက်နှာစာ ဧရိယာတွင် Dolphin Type Jetty တည်ဆောက်၍ LNG တင်ဆောင်ထားသည့် သင်္ဘောကြီးအား ကျောက်ချထားရှိ၍ Floating Storage Unit(FSU) အဖြစ် အမြဲတမ်းထားရှိကာ လိုအပ်သော LNG များအား LNG Feeder သင်္ဘောများဖြင့် တင်သွင်းဖြည့်တင်းပြီး ဖြန်ဖြူးရောင်းချမည်ဖြစ်ပြီး ၎င်းဓါတ်အားပေး စက်ရုံအတွက် လိုအပ်သည့် LNG များ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရန် အတွက် Providing Services for FSU Berthing၊ Regasification for LNG Power Plant လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။