MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

အလုံဆိပ်ခံတံတား

အမှတ်(၁)အလုံဆိပ်ခံတံတား

တည်နေရာ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း
ဆိပ်ခံတံတားအရွယ်အစား မျက်နှာစာအလျား ၆၅၁.၅ ပေ x အကျယ် ၁၀၀ ပေ
ဆိုက်ကပ်နိုင်သည့်သင်္ဘောအရွယ်အစား  ကုန်သေတ္တာသင်္ဘော ၁၄၄၀၀ တန်(၄၀၀ TEU)
 အထွေထွေကုန်စည်သင်္ဘော ၁၅၀၀၀ တန်
ရေစူး ၉ မီတာ
BOT သက်တမ်း  ၂၅ နှစ်နှင့် နောက်ထပ် (၅) နှစ် သုံးကြိမ်
ရင်းနှီးမြှုပ်နှံမှုပမာဏ    နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ၂၁ သန်း
ပြည်တွင်းသုံးငွေ ကျပ် ၂၃၄၃.၆၀၂ သန်း
လုပ်ငန်းစတင်သည့်နှစ်  ၂၅-၁၁-၁၉၉၈
လုပ်ငန်းပြီးစီးသည့်နှစ် ၂၄-၅-၂၀၀၂

အမှတ်(၂)အလုံဆိပ်ခံတံတား

တည်နေရာ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း
ဆိပ်ခံတံတားအရွယ်အစား မျက်နှာစာအလျား ၅၁၁ ပေ x အကျယ် ၆၄ ပေ
ဆိုက်ကပ်နိုင်သည့်သင်္ဘောအရွယ်အစား အထွေထွေကုန်စည်သင်္ဘော ၁၅၀၀၀ တန်
ရေစူး ၉ မီတာ
BOT သက်တမ်း   ၂၅ နှစ်
ရင်းနှီးမြှုပ်နှံမှုပမာဏ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ၄.၆၀ သန်း
ပြည်တွင်းသုံးငွေ ကျပ် ၄၃၉.၃၀ သန်း
လုပ်ငန်းစတင်သည့်နှစ် ၂၅-၄-၁၉၉၆
လုပ်ငန်းပြီးစီးသည့်နှစ် ၂၄-၅-၂၀၀၁

အမှတ်(၃)အလုံဆိပ်ခံတံတား

တည်နေရာ အလုံမြို့နယ်၊ ရန်ကုန်တိုင်း
ဆိပ်ခံတံတားအရွယ်အစား  မျက်နှာစာအလျား ၈၅၂ ပေ x အကျယ် ၁၀၀ ပေ
ဆိုက်ကပ်နိုင်သည့်သင်္ဘောအရွယ်အစား   အထွေထွေကုန်စည်သင်္ဘော ၁၅၀၀၀ တန်
ရေစူး ၉ မီတာ
BOT သက်တမ်း ၃၀ နှစ် နှင့် နောက်ထပ်(၅)နှစ် သုံးကြိမ်
ရင်းနှီးမြှုပ်နှံမှုပမာဏ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်း
ပြည်တွင်းသုံးငွေ ကျပ် ၁၄၂၀ သန်း
လုပ်ငန်းစတင်သည့်နှစ် ၁-၉-၂၀၀၁
လုပ်ငန်းပြီးစီးသည့်နှစ် ၂၈-၂-၂၀၀၆

အမှတ်(၄)အလုံဆိပ်ခံတံတား

တည်နေရာ အလုံမြို့နယ်၊ ရန်ကုန်တိုင်း
ဆိပ်ခံတံတားအရွယ်အစား မျက်နှာစာအလျား ၇၈၀ ပေ x အကျယ် ၁၀၀ ပေ
ဆိုက်ကပ်နိုင်သည့်သင်္ဘောအရွယ်အစား အထွေထွေကုန်စည်သင်္ဘော ၁၅၀၀၀ တန်
ရေစူး ၉ မီတာ
ရင်းနှီးမြှုပ်နှံမှုပမာဏ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ၁.၅ သန်း
ပြည်တွင်းသုံးငွေ ကျပ် ၁၄၀၀၀ သန်း
လုပ်ငန်းစတင်သည့်နှစ်   ၂၁-၁၁-၂၀၀၆
လုပ်ငန်းပြီးစီးသည့်နှစ် လက်မှတ်ရေးထိုးပြီး (၅၄)လ