MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

ထားဝယ်ရေနက်ဆိပ်ကမ်း

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း

  • ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ယခင်ပို့ဆောင်ရေးဝန်ကြီးဌာန)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian–Thai Development Public Co., Ltd. (ITD) တို့အကြား နားလည်မှုစာချွန်လွှာ(MOU)ကို ၂၀၀၈ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် နေပြည်တော်ရှိ  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်မှတ် ရေးထိုးခဲ့ကြပါသည်။
  • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ITD တို့အကြား မူဘောင်သဘောတူစာချုပ် ( Framework Agreement )ကို ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် နေပြည်တော်ရှိ  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်မှတ် ရေးထိုးခဲ့ကြပါသည်။
  • ITD ကုမ္ပဏီမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့်ငွေကြေးကို အချိန်မီရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်သည့်အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ITD တို့ စာချုပ်ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရပ်ဆိုင်းခဲ့ပါသည်။
  • စီမံကိန်းစတင်ဆောင်ရွက်စဉ်က စီမံကိန်းလုပ်ငန်းသုံးပစ္စည်များ ရေကြောင်းမှ သယ်ယူပို့ဆောင် နိုင်ရန်အတွက် ငပိတက်ကျေးရွာအနီးတွင် လုပ်ငန်းသုံးယာယီဆိပ်ခံတံတားငယ် Temporary  Small Port တစ်ခုကို ITD ကုမ္ပဏီမှ တည်ဆောက် အသုံးပြုလျက်ရှိပါသည်။
  • ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် ကြီးမားကျယ်ပြန့်သော စီမံကိန်းဖြစ်ခြင်းကြောင့် မြန်မာ နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့ပါဝင်သော နားလည်မှုစာချွန်လွှာကို (၇)ကြိမ်မြောက်  မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး၌ (၄-၇-၂၀၁၅)ရက်နေ့တွင် တရားဝင်လက်မှတ်ရေးထိုးခဲ့ ပါသည်။
  • ၂-လမ်းသွားကားလမ်းတည်ဆောက်ရေးနှင့်ပတ်သက်၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ခြင်း  လုပ်ငန်းများကို  ၂၀၂၁ ခုနှစ်မှ စတင်ကာ ၂၀၂၃ ခုနှစ်အတွင်း  ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၃-၅-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃/၂၀၂၁ ဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
  • ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ ဆိပ်ကမ်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းအရာရှိချုပ်(တနင်္သာရီတိုင်းဒေသကြီး)အား တာဝန်ပေး အပ်ထားပါသည်။