MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

ဧရာဝတီတိုင်းဒေသကြီး Western Port ရေနက်ဆိပ်ကမ်းစီမံကိန်း (ငရုတ်အော်)

(က)    မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်း ၏ အောက်ဘက်နေရာများတွင် ရေနက်ဆိပ်ကမ်းအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိသော နေရာ (Location) များ ရွေးချယ်ရှာဖွေသည့်အခါ ရေနက်ဆိပ်ကမ်းဖြစ်နိုင်ဖွယ်ရာရှိသော နေရာတစ်ခုအဖြစ် ပုသိမ်မြို့၏ အနောက် တောင်ဘက် (၁၀၀မိုင်)ခန့် အကွာတွင် ငရုတ်အော်ဒေသကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာသွင်းကုန်များကို လက်ခံကိုင်တွယ်ရန်နှင့် Industrial Estat တည်ဆောက်ရန် နေရာကောင်းတစ်ခုဖြစ်ကြောင်းလည်း စူးစမ်းလေ့လာသည့် ကုမ္မဏီများ၏ Report များအရ သိရှိရပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာသို့သယ်ယူပို့ဆောင်မည့် ရေကြောင်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ငရုတ်အော်ရေနက်ဆိပ်ကမ်း    ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။

(ခ)     ၎င်းအပြင် ရေနက်ဆိပ်ကမ်းနှင့် Industrial Zone များ တည်ဆောက်နိုင်ပါက အဆိုပါဒေသ၏ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ ၎င်းတို့၏ လူနေထိုင်မှု ဘဝကို မြှင့်တင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး Ngayoke Bay တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်၍ ဆက်စပ် အဆောက်အအုံများ တည်ဆောက်တပ်ဆင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတွင် အနောက်ဘက်ဂိတ်ပေါက်ဝတစ်ခု ဖြစ်လာနိုင်မည် ဖြစ်ပါသည်။

(ဂ)     ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်အော်ဒေသတွင် ရေနက်ဆိပ်ကမ်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်‌ခြေလေ့လာရေး ဆောင်ရွက်ရန်ကိစ္စနှင့် သက်ဆိုင် သည့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စင်ကာပူ နိုင်ငံအခြေစိုက် Super Axis Development Pte., Ltd / Sliver Wave Development Pte.,Ltd တို့အကြား ၅-၈-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာ၏သက်တမ်းသည် လက်မှတ်ရေးထိုးပြီး (၁၂)လဖြစ်ပြီး Super Axis Development Pte., Ltd / Sliver Wave Development Pte., Ltd အနေဖြင့် အဆိုပါ နားလည်မှုစာချွန်လွှာ သက်တမ်းကာလအတွင်း ဖြစ်နိုင်‌ခြေ လေ့လာရေးအစီရင်ခံစာကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ထံ တင်ပြရန်ရှိပါသည်။

(ဃ)    သို့ရာတွင် Super Axis Development Pte., Ltd / Sliver Wave Development Pte., Ltd  သည် ဖြစ်နိုင်ခြေလေ့လာစူးစမ်းမှုကို ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့် နားလည်မှု စာချွန်လွှာအား ရပ်ဆိုင်းပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။

(င)     ၎င်းနေရာတွင် မြန်မာကုမ္မဏီ(၂)ခုဖြစ်သော Myint & Associate Copamy နှင့် SIM Company တို့မှ Supply Base အဖြစ်ဆောင်ရွက်ရန် အဆိုပြုတင်ပြချက်အရ မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်  (MIC) မှ ခွင့်ပြုထားပြီးဖြစ်၍ စူးစမ်းလေ့လာမှု Feasibility Study များလည်း ဆောင်ရွက်ပြီးဖြစ်ပါသည်။