MPA Logo

new banner

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်သော Wilmar Myanmar Port Terminal (Wilmar)ဆိပ်ကမ်းမှပြောင်းဖူးစေ့တန်ချိန် ၂၇၀၀တင်ပို့ခဲ့သည်။

အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း(MIP-4)၊ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT-3)တို့မှ သင်္ဘော သုံးစင်း ဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့်အထွေထွေကုန်ပစ္စည်းများတင်ဆောင်ထွက်ခွာသွားကြောင်း သိရသည်။ မြန်မာ့စက်မှု ဆိပ်ကမ်း(MIP-3)၊ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT-1)၊ (AWPT-3)တို့မှလည်း ပို့ကုန်ဆန်၊ ပဲ၊ပြောင်းများ သင်္ဘောတင်ဆောင်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၁၆ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(AIPT-3)မှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀၊ International Bulk Terminal Thilawa(IBTT)ဆိပ်ကမ်း မှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀၊ ဧပြီ ၁၉ ရက်တွင် ယခင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း The Myanmar Terminal (TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ ဆက်လက်တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

          (သတင်းစဉ်)