၂၀၁၈ ခုနှစ်လ ဇူလိုင်လ(၁၂)ရက်နေ့မှ ဇူလိုင်လ(၁၇)ရက်နေ့အထိ ကာလအတွင်း တွင် ရန်ကုန်မြစ်အတွင်း အခြေခံရေဆင်းမျဉ်းအထက် အမြင့်ပေ(၂၀.၄)ပေခန့်မှ (၂၁.၂)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့်ပတ်သက်၍ ယခင် ၂၀၁၄ - ၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေဆင်းမျဉ်း အထက် အမြင့်ပေ(၂၂)ပေခန့် ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေဆင်းမျဉ်းအထက် အမြင့်ပေ (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကျသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်ဖြစ်ကြောင
၂၀၁၈ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့မှ ဇွန်လ (၁၇)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၂၀)ပေခန့်မှ (၂၀.၉၀) ပေခန့် အထိ သာမန်ထက်ထူးကဲဒီရေတက် ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ယခုကဲ့သို့သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။
၂၀၁၈ခုနှစ်၊မေလ(၁၅)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ ကာလအတွင်း တွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၁၀)ပေခန့်မှ (၂၀.၅၀) ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ယခုကဲ့သို့သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။