ရန်ကုန်၊ သြဂုတ်လ ၂၈
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်၍ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၃ ဖွင့်ပွဲအခမ်းအနားကို ၂၈-၈-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်နှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်နည်းပြများဖြစ်ကြသည့် ကပ္ပတိန်အောင်ခင်မြင့်၊ ကပ္ပတိန် ဝင်းနိုင်ညွန့်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြန်မာ့မီးရထား၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ လက်ထောက်သင်တန်းနည်းပြများ၊ သင်တန်းတာဝန်ခံ၊ ဌာနဆိုင်ရာနှင့် ကုန်သေတ္တာဆိပ်ကမ်းများ၊ ကုန်သေတ္တာသင်္ဘောလိုင်းများနှင့် ကုန်သေတ္တာခွံသိုလှောင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၄၅)ဦး၊ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)တွင် ပို့ချပြီး၊ လက်တွေ့လေ့ကျင့်မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် လေ့ကျင့်သင်ကြားပေး မည်ဖြစ်ပါသည်။
အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချခြင်းကြောင့် ကုန်သေတ္တာများကို အသုံးပြု၍ ကုန်သွယ်မှုအား တွင်ကျယ်စွာ အသုံးပြုလာကြသည့် ရေကြောင်းကုန်သွယ်မှုနှင့် ကုန်းတွင်းကုန်သွယ်မှုလုပ်ငန်း များတွင် အထောက်အကူပြုလျက်ရှိသည့် ကုန်သေတ္တာစစ်ဆေးခြင်းနှင့်ပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံတကာစံပြု Guideline များကို သိရှိနားလည်ပြီး မိမိအဖွဲ့အစည်းတွင် ပြန်လည် တိုးချဲ့ဖြန့်ဝေနိုင်သည့်အတွက် အရည်အချင်းပြည့်ဝစွာဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေခြင်း၊ လုပ်ငန်းခွင်တွင် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း အဆင့်အတန်းမှီစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သေတ္တာအား အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်သူများနှင့် ကုန်သေတ္တာအခွံ အပ်နှံထိန်းသိမ်းပြုပြင်သည့် လုပ်ငန်း ဆောင်ရွက်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ လျော့နည်းပပျောက်သွားစေမည်ဖြစ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန် လည် တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော(၆၁)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်းတိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဩဂုတ်လတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော(၅၅)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ရန်ကုန်၊ ဇူလိုင် ၂၇
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်၍ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၂ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၇-၇-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် နည်းပြ ဖြစ်သည့် ကပ္ပတိန် အောင်ခင်မြင့်၊ လက်ထောက်သင်တန်းနည်းပြများ၊ သင်တန်းတာဝန်ခံ၊ ကုန်သေတ္တာဆိပ်ကမ်းများ၊ ကုန်သေတ္တာသင်္ဘောလိုင်းများနှင့် ကုန်သေတ္တာခွံသိုလှောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၄၃)ဦးတို့ တက်ရောက်ခဲ့ကြပါ သည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြ နှင့် မြန်မာ့စက်မှုဆိပ်ကမ်း၏ အမှုဆောင်အရာရှိချုပ်တို့မှ အမှာစကားများ ပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းအား ၁၈-၇-၂၀၂၆၊ ၂၂-၇-၂၀၂၆၊ ၂၅-၇-၂၀၂၆ နှင့် ၂၆-၇-၂၀၂၆ ရက်များတွင် ဆောင်ရွက်ခဲ့ပြီး စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမနှင့် လက်တွေ့လေ့ကျင့်မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချပေးခြင်းကြောင့် ကုန်သေတ္တာစစ်ဆေးခြင်းနှင့်ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံတကာစံပြု Guideline များကို သိရှိနားလည်ပြီး မိမိအဖွဲ့အစည်း တွင်ပြန်လည်တိုးချဲ့ဖြန့်ဝေနိုင်သည့်အတွက် အရည်အချင်းပြည့်ဝစွာဆောင်ရွက်နိုင်သည့် လူ့စွမ်း အား အရင်းအမြစ်များ လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေခြင်း၊ လုပ်ငန်းခွင်တွင် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း အဆင့်အတန်းမှီစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သေတ္တာ အား အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်သူများနှင့် ကုန်သေတ္တာအခွံ အပ်နှံထိန်းသိမ်း ပြုပြင်သည့် လုပ်ငန်းဆောင်ရွက်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ လျော့နည်းပပျောက်သွားစေခြင်း၊ ကုန်သေတ္တာအသုံးပြု၍ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်သူများအချင်းချင်း လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာစေခြင်းအစရှိသည့် ရလဒ်များပေါ်ထွက်လာစေမည်ဖြစ်ပါသည်။
ရန်ကုန်၊ ဇူလိုင် ၁၇
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်၍ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၂ ဖွင့်ပွဲအခမ်းအနားကို ၁၇-၇-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်နည်းပြဖြစ်သည့် ကပ္ပတိန် ဝင်းနိုင်ညွန့်၊ လက်ထောက်သင်တန်းနည်းပြများ၊ သင်တန်းတာဝန်ခံ၊ ကုန်သေတ္တာဆိပ်ကမ်းများ၊ ကုန်သေတ္တာ သင်္ဘောလိုင်းများနှင့် ကုန်သေတ္တာခွံသိုလှောင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၄၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သင်တန်း နည်းပြတို့မှ အမှာစကားပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းအား စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ပို့ချပြီး၊ လက်တွေ့လေ့ကျင့်မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းကြောင့် ကုန်သေတ္တာစစ်ဆေးခြင်းနှင့်ပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံတကာစံပြု Guideline များကို သိရှိနားလည်ပြီး မိမိအဖွဲ့အစည်းတွင် ပြန်လည် တိုးချဲ့ဖြန့်ဝေနိုင်သည့်အတွက် အရည်အချင်းပြည့်ဝစွာဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်း အမြစ်များ လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေခြင်း၊ လုပ်ငန်းခွင်တွင် နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း အဆင့်အတန်းမှီစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သေတ္တာအား အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်သူများနှင့် ကုန်သေတ္တာအခွံအပ်နှံထိန်းသိမ်းပြုပြင်သည့် လုပ်ငန်းဆောင်ရွက်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ လျော့နည်းပပျောက်သွားစေမည် ဖြစ်ပါသည်။
ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်(Federation of Thai Industries)၊ ထိုင်း- မြန်မာစီးပွားရေးကောင်စီ (Thailand-Myanmar Business Council – TMBC )၏ ဥက္ကဋ္ဌ Mr.Kich Aungvitulsatit ဦးဆောင်သော ထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ၁၇-၇-၂၀၂၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောတာဝန်ရှိသူများနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၌ လာရောက်တွေ့ဆုံ၍ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက်လည်းကောင်း၊ကုန်သွယ်မှုအခွင့်အလမ်းများကို လေ့လာရန်အတွက်လည်းကောင်း၊ လက်ရှိနှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေအပေါ် အမြင်ချင်းဖလှယ်ရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်မည့်နည်းလမ်းများကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ရန်ကုန်၊ ဇူလိုင် ၁၃
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ လုံခြုံရေးဌာနခွဲနှင့် သန့်သာဌာနခွဲတို့မှ ဝန်ထမ်းများအား မိုးရာသီ၊ လုပ်ငန်းခွင်သုံး မိုးကာအင်္ကျီ၊ လည်ရှည်ဖိနပ်နှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၆ ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဌာနမှူးများနှင့် လုံခြုံရေး ဌာနခွဲ၊ သန့်/သာဌာနခွဲမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများမှ လုံခြုံရေး ဌာနခွဲမှ ဝန်ထမ်းများအား မိုးရာသီ၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရာ၌ ဝတ်ဆင်ရန် မိုးကာအင်္ကျီများကိုလည်းကောင်း၊ သန့်/သာဌာနခွဲမှ ဝန်ထမ်းများအား မိုးကာအင်္ကျီအပြင် သန့်ရှင်းရေးဆောင်ရွက်ရာတွင် အသုံးပြုရန် လည်ရှည်ဖိနပ်နှင့် လက်အိတ်များကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဝန်ထမ်းများအား မိုးရာသီ လုပ်ငန်းခွင်သုံး မိုးကာအင်္ကျီ၊ လည်ရှည်ဖိနပ်နှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အချိန်ပြည့်တာဝန်ထမ်း ဆောင်နိုင်ခြင်း၊ ဝန်ထမ်းစိတ်ဓာတ်မြင့်မားလာစေခြင်းအပြင် ယခုကဲ့သို့ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို ဌာနမှ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဌာနနှင့်ဝန်ထမ်းများအတွက် အကျိုးရလဒ် ကောင်းများ ပိုမိုရရှိစေမည်ဖြစ်ပါသည်။
ရန်ကုန်၊ ဇူလိုင် ၁၃
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တို့မှ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် စက်မောင်း (Simulator) ကျွမ်းကျင်သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်း အနားကို ၁၃-၇-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်မှ ဌာနမှူး၊ သင်တန်းတာဝန်ခံ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတား(၈)ခုမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၃၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးတို့မှ အမှာစကားပြောကြားခဲ့ကြပြီးသင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသားကိုယ်စားလှယ်များထံသို့ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါသင်တန်းအား ၁၀-၆-၂၀၂၆ ရက်နေ့မှ ၁၂-၆-၂၀၂၆ ရက်နေ့အထိ စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ချပေးခဲ့ပြီး လက်တွေ့လေ့ကျင့်မှုအတွက် Simulator ဖြင့် လေ့ကျင့်မှုကို မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်တွင် ၁၅-၆-၂၀၂၆ ရက်နေ့မှ ၃-၇-၂၀၂၆ ရက်နေ့အထိ အဖွဲ့သုံးဖွဲ့ခွဲ၍ တစ်ဖွဲ့ လျှင် ၅ ရက်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အဆိုပါ သင်တန်းကိုဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ခြင်းကြောင့် ဆိပ်ကမ်းကုန်တင်/ချလုပ်ငန်းခွင်တွင် စက်ယန္တရားများကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်နိုင်သည့် စက်မောင်းဝန်ထမ်းများ ပေါ်ထွက်လာပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်တင်/ကုန်ချလုပ်ငန်းများ မြန်ဆန်သွက်လက် လာစေမည်ဖြစ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်းတိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇူလိုင်လတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော (၅၅)စီးပြေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်းတိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ ပြေးဆွဲရန်စီစဉ်ထားရှိသဖြင့် ဇွန်လတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော (၅၅)စီး ပြေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။