ဆိပ်ကမ်း ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ချုပ်ဆိုကြသည့် စာချုပ်များအား ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ Japan International Cooperation Agency (JICA) နှင့် ဥပဒေ အကြံပေးအဖွဲ့ Kelvin CHIA တို့မှ ပူးပေါင်းပြီး Study on Template Transaction Documents under PPP Contracts for Key Infrastructure in Myanmar လုပ်ငန်းများ ဆွေးနွေးမှုကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Public-Private Partnership (PPP) ၏ အဓိကကဏ္ဍတစ်ခုဖြစ်သည့် ဆိပ်ကမ်းကဏ္ဍအတွက် နမူနာစာချုပ်ပုံစံ ထွက်ရှိစေရန် စာချုပ်ပါအချက်အလက်များအား Kelvin CHIA မှ ဥပဒေ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ သက်ဆိုင်ရာ အရာရှိ နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ မှ အသေးစိတ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။
March 30, 2026
February 27, 2026
January 29, 2026
December 29, 2025
November 28, 2025