MPA Logo

new banner

Safety Induction Training -(1/2023) သင်တန်းဖွင့်လှစ်ခြင်း

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ကာကွယ်ရေးပစ္စည်းများ မှန်ကန်စွာသုံးစွဲခြင်းနှင့် ဆိပ်ကမ်း အတွင်းဖြစ်တတ်သော ဘေးအန္တရာယ်များအား အသိပေးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ သိရှိစေရန် ရည်ရွယ်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် Myanmar Industrial Port Terminal (MIP) နှင့် SEALAND MAERSK Shipping Line  တို့ပူးပေါင်း၍ Safety Induction Training (1/2023) ကို (၁၃-၀၂-၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးကိုယ်စား  အထွေထွေမန်နေဂျာ၊ဦးဇော်ထွန်းလွင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဦးအောင်ကျော်ဦး(SEALAND MAERSK)၊ ဦးဖြိုးညီညီဝင်း (SEALAND MAERSK)၊ Capt; ဝင်းနိုင်ညွှန့် (KM Terminal Logistics) နှင့် ဦးမျိုးမင်းဦး (PFSO MIP)တို့မှ ပို့ချသွားမည် ဖြစ်ပါသည်။

အဆိုပါသင်တန်းသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သင်တန်းသား(၆၀)ဦး နှင့် Myanmar Industrial Port (MIP)တံတား မှ သင်တန်းသား (၃၅၀)ဦး၊ စုစုပေါင်း သင်တန်းသား(၄၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။