လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ကာကွယ်ရေးပစ္စည်းများ မှန်ကန်စွာသုံးစွဲခြင်းနှင့် ဆိပ်ကမ်း အတွင်းဖြစ်တတ်သော ဘေးအန္တရာယ်များအား အသိပေးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ သိရှိစေရန် ရည်ရွယ်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် Myanmar Industrial Port Terminal (MIP) နှင့် SEALAND MAERSK Shipping Line တို့ပူးပေါင်း၍ Safety Induction Training (1/2023) ကို (၁၃-၀၂-၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးကိုယ်စား အထွေထွေမန်နေဂျာ၊ဦးဇော်ထွန်းလွင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဦးအောင်ကျော်ဦး(SEALAND MAERSK)၊ ဦးဖြိုးညီညီဝင်း (SEALAND MAERSK)၊ Capt; ဝင်းနိုင်ညွှန့် (KM Terminal Logistics) နှင့် ဦးမျိုးမင်းဦး (PFSO MIP)တို့မှ ပို့ချသွားမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သင်တန်းသား(၆၀)ဦး နှင့် Myanmar Industrial Port (MIP)တံတား မှ သင်တန်းသား (၃၅၀)ဦး၊ စုစုပေါင်း သင်တန်းသား(၄၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။
August 28, 2026
July 30, 2026
July 28, 2026
July 17, 2026