ကမ္ဘာ့ရေကြောင်းအဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင်နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး Northeast Asia Logistics Information Service Network (NEAL-NET) အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Pilot Project အဖြစ် လိုအပ်သော သတင်းအချက်အလက်များ ကောက်ခံမှုနှင့် Feasibility Study ပြုလုပ်ရန် လာရောက်ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် (၆-၃-၂၀၁၇) ရက်နေ့မှ (၁၀-၃-၂၀၁၇) ရက်နေ့အထိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့နှင့် အတူ သက်ဆိုင်ရာ ဆိပ်ကမ်းတံတားများ၊ ကုန်စည်ပို့ဆောင်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
၁၇-၃-၂၀၁၇ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လာရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် Port EDI စနစ်အား ရှင်းလင်းဆွေးနွေးမှုအား နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်၌ လည်းကောင်း၊ IMO FAL Form များ အသုံးပြုပြီး ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို နေ့ခင်းပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်း ဌာန၌ လည်းကောင်း ဆွေးနွေး၊ လေ့လာ ဆောင်ရွက်ခဲ့ကြပါသည်။
July 30, 2026
July 28, 2026
July 17, 2026