MPA Logo

new banner

နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်လျှက်ရှိသည့် အောက်ဆီဂျင်အိုးများ ဖြန့်ဖြူးပေးခြင်း

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းရှိ အောက်ဆီဂျင် စက်ရုံသည် ယာယီရပ်နားထားရာမှ Covid-19 ရောဂါဖြစ်ပွားနှုန်း များပြားလာခြင်း၊ Oxygen လိုအပ်မှုများပြားလာခြင်းတို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုအပ်ချက်အရ ပြန်လည် လည်ပတ်၍ တစ်ရက်ထွက်ရှိသည့် 220 cu-ft အောက်ဆီဂျင်အိုး ၁၅၀ လုံးခန့်ကို ဇူလိုင် ၆  ရက်နေ့မှစတင်၍ Covid-19 ရောဂါဖြစ်ပွားသောလူနာများ  အသုံးပြုသည့် အောက်ဆီဂျင်အိုးငယ် များနှင့် အင်းယားစင်တာနှင့် အစိုးရ Covid-19 အထူးကုဌာနများတွင် အသုံးပြုသော အောက်ဆီဂျင်အိုးများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းအင်အားဖြင့် ဖြည့်သွင်း ဖြန့်ဖြူးပေးလျှက်ရှိပါသည်။

အများပြည်သူသို့ဖြန့်ဖြူးချိန် – ၀၆:၀၀ – ၁၈:၀၀ (နေ့စဉ်)

အင်းယားစင်တာနှင့် အစိုးရဆေးရုံများသို့ ဖြန့်ဖြူးချိန် – ၁၈:၀၀ – ၀၆:၀၀ (နေ့စဉ်)

ဆက်သွယ်ရန်- အောက်ဆီဂျင်စက်ရုံ၊ သိမ်ဖြူသင်္ဘောကျင်း၊ ကမ်းနားလမ်းသစ်၊ Toll Gate အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်။