ရန်ကုန်၊ ဇူလိုင် ၂
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် (၄၃)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း၏ လုပ်ငန်းကော်မတီအစည်းအဝေး (43rd ASEAN Ports Association Working Committee Meeting)အား အိမ်ရှင်အဖြစ် Online (Zoom) စနစ်ဖြင့် လက်ခံကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ဌာနမှူး (၂)ဦးနှင့် အရာ ထမ်း(၃)ဦး၊ စုစုပေါင်း(၆)ဦးတက်ရောက်ခဲ့ပြီး၊ အာဆီယံဆိပ်ကမ်းများအသင်း အတွင်းရေးမှူးချုပ်ရုံးနှင့် အသင်းဝင်နိုင်ငံများမှ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဦးဆောင်ညွှန်ကြား ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား (Welcome Speech) ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံဆိပ်ကမ်းများအသင်း၏ လုပ်ငန်းကော်မတီဥက္ကဌမှ အဖွင့်မိန့်ခွန်း (Opening Address) ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံဆိပ်ကမ်းများအသင်းကြီးမှ ကြီးမှူး၍ အသင်းဝင်နိုင်ငံများတွင် အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိကြသည့် နှစ်ပတ်လည်အစည်းအဝေးများ၊ လုပ်ငန်းကော်မတီအစည်းအဝေးများ၊ အသင်းဝင်နိုင်ငံများအကြား နည်းပညာနှင့်အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် အပြန်အလှန်ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ (Human Resource Development Seminar) များ၊ ဆိပ်ကမ်းဖွံ့ဖြိုးရေး စီမံကိန်းများဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ခြင်း နှီးနှောဖလှယ်ပွဲ (Seminar on Exchange of Information on Port Development Project)များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေးအတွက် အားကစားပြိုင်ပွဲ (APA Sports Meet)များအား အလှည့်ကျနိုင်ငံများမှ လက်ခံကျင်းပကြမည့် အစီအစဉ်များ၊ ထိုင်းနိုင်ငံမှ ဦးဆောင်ရေးဆွဲလျက်ရှိသည့် အာဆီယံဆိပ်ကမ်းများအတွက် Smart Port Guideline နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ စင်ကာပူနိုင်ငံမှဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် Maritime Single Window နှင့်ပတ်သက်သည့်ကိစ္စရပ်များ အပြင် အသင်းကြီး၏ဘဏ္ဍာရေးကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။
March 30, 2026
February 27, 2026
January 29, 2026
December 29, 2025
November 28, 2025