နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရော ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှစ ၈ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ပါသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေ ကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ မိဘပြည်သူများ လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိ စေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတား အသီးသီးသည် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည်လည်း ရုံးပိတ်ရက်အတွင်း Delivery Order (DO)၊ Shipping Instruction (SI) နှင့် 90/91 Form များကို နေ့စဉ် ပိတ်ရက်မရှိ ထုတ်ပေးသွားမည် ဖြစ်ပြီး အထူးသဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို အမြန်ထုတ်ယူ နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်၍ ဆေးနှင့် ဆေးပစ္စည်း တင်သွင်းထား ကြသူများအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ ဌာနခွဲ(၁) ဖုန်း – ၀၉၅၁၁၂၈၇၃၊ ၀၉၄၂၇၂၆၆၂၃၂၊ ၀၉၆၇၆၇၅၉၈၃၅ တို့သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက အထွေထွေမန်နေဂျာ၊ ၀၉၂၅၄၆၁၇၀၈၄ နှင့် ဒုတိယ အထွေထွေမန်နေဂျာ (ကိုယ်စားလှယ်) ၀၉၅၁၁၇၁၀၂ တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
May 29, 2026
April 30, 2026
March 30, 2026
February 27, 2026
January 29, 2026