ရန်ကုန် ၂၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန်အတွင်း ဆိပ်ကမ်းဒေသသို့ နေ့/ည မရွေး ဝင်/ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းသစ် Kings Bank Channel အား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို အစဉ်တစိုက်အလေးထားဆောင် ရွက်လာခဲ့သည်။
ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်းဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်ခဲ့သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေး လာနိုင်ခဲ့ရာ ဇွန်လ ၂၂ ရက်နေ့ နံနက် ၀၉း၀၀ အချိန် တွင် Asia World Port Terminal ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အခြေစိုက် SITC Shipping Line မှ LOA ၁၈၅.၉၉ မီတာ၊ Beam ၃၅.၂၅ မီတာ၊ GRT ၂၉,၂၃၂ တန်နှင့် ကုန်သေတ္တာ ၂,၆၉၈ TEU တင်ဆောင်နိုင်သည့် MV SITC Zhaoming ကုန်သေတ္တာသင်္ဘောကြီးသည် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်ခဲ့သည်။ အဆိုပါ သင်္ဘောကြီးသည် AWPT ဆိပ်ကမ်း တွင် ဆိုက်ကပ်ခဲ့သမျှ ကုန်သေတ္တာသင်္ဘောများတွင် စံချိန်တင် အကြီးဆုံးသင်္ဘောဖြစ်သည်။ သင်္ဘာကြီးအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းဌာနမှူးချုပ်ကိုယ်တိုင် ကြီးကြပ်၍ ဘေးကင်းလုံခြုံစွာ ဆိုက်ကပ်ပေးခဲ့သည်။
January 29, 2026
December 29, 2025
November 28, 2025
October 29, 2025
September 29, 2025