မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ဌာနအကြီးအကဲနှင့်ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးဆန္ဒ ဖေါ်ထုတ်ပွဲအခမ်းအနားအား ၂၀၂၃ခုနှစ်၊ မေလအတွက် (၃၀-၁-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ မြေညီထပ်၊ ဝန်ထမ်းသက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါဆွေးနွေးဆန္ဒ ဖေါ်ထုတ်ပွဲအခမ်းအနား၌ ဝန်ထမ်း(၁)ဦးမှ (၁၉-၁-၂၀၂၃)ရက်နေ့ရှိ ကြေးမုံ သတင်းစာပါ “ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာ လာတော့မည်”ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် ဆွေးနွေးခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဝန်ထမ်းများအား မိမိရုံး၊ အိမ်ရာလုံခြုံရေး၊ စာရွက် စာတမ်း လုံခြုံရေး နှင့် ပုဂ္ဂိုလ်ရေးလုံခြုံရေး အထူးအလေးထားဆောင် ရွက်ရန်၊ ဝန်ထမ်းနှင့် မိသားစုများကျန်းမာရေးအထူးဂရုစိုက်နေထိုင်ရန်နှင့် ဝန်ထမ်းအိမ်ရာစည်းကမ်း လိုက်နာကြ ရန်၊ လျှပ်စစ်ချွေတာသုံးစွဲရေး၊ မီးဘေးလုံခြုံရေးအထူးအလေးထားဆောင်ရွက်ရန်နှင့် ဌာနအလိုက် အထက်အောက်ညီညွတ်မှုရှိစေရန်ပြောကြားခဲ့ပြီး အခမ်းအနားသို့ အရာထမ်း (၃၀)ဦး၊ အမှုထမ်း(၁၁၁)ဦး၊ စုစုပေါင်း (၁၄၁)ဦး တက်ရောက်ခဲ့ပါသည်။
February 27, 2026
January 29, 2026
December 29, 2025
November 28, 2025
October 29, 2025