နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်သော Wilmar Myanmar Port Terminal (Wilmar)ဆိပ်ကမ်းမှပြောင်းဖူးစေ့တန်ချိန် ၂၇၀၀တင်ပို့ခဲ့သည်။
အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း(MIP-4)၊ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT-3)တို့မှ သင်္ဘော သုံးစင်း ဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့်အထွေထွေကုန်ပစ္စည်းများတင်ဆောင်ထွက်ခွာသွားကြောင်း သိရသည်။ မြန်မာ့စက်မှု ဆိပ်ကမ်း(MIP-3)၊ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT-1)၊ (AWPT-3)တို့မှလည်း ပို့ကုန်ဆန်၊ ပဲ၊ပြောင်းများ သင်္ဘောတင်ဆောင်လျက်ရှိသည်။
ထို့အပြင် ဧပြီ ၁၆ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(AIPT-3)မှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀၊ International Bulk Terminal Thilawa(IBTT)ဆိပ်ကမ်း မှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀၊ ဧပြီ ၁၉ ရက်တွင် ယခင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း The Myanmar Terminal (TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ ဆက်လက်တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
July 17, 2026
June 29, 2026