MPA Logo

new banner

ဆိပ်ကမ်းနယ်နိမိတ်အတွင်း  စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ

 ၁။      ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လိပ်မူ၍ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပါမည်ဟု ဝန်ခံချက်ဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့် ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်လွှာတင်ပြရမည်။

၂။      ရေယာဉ်နှင့်ပတ်သက်သော သတင်းအချက်အလက် (Ship Particular) နှင့် အောက်ဖော် ပြပါ  Plan / Drawing များ တင်ပြရမည်ဖြစ်ပါသည် –

(၁)     General Arrangement Plan

(၂)      Watertight  and Deep-tank Bulkheads

(၃)     Tank Plan၊ Capacity Plan

(၄)     Manhole , Hatch and Hatch-closing Arrangement

(၅)     Ventilation System on Weather Deck

(၆)     Valve, Piping & Pumping Arrangement

(၇)     Safety Plan

(၈)     Fire-fighting & Life Saving Appliance Arrangement

(၉)     Anchor & Mooring Arrangement

(၁၀)   Navigation Signal Light & Communication Equipments

၃။      ရေယာဉ်Crew  Listတင်ပြရမည်။

၄။     ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော သက်တမ်းရှိ Tanker Licence လိုင်စင်၊ Load Line Certificate များ၊ Tank Test Certificate ၊  Test Certificate for Pressure Vessel ၊ နောက်ဆုံး Survey  ဝင်ခဲ့သည့် Survey Report  တို့ကို တင်ပြရမည်။

၅။      မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စစ်ဆေးချက်မိတ္တူ တင် ပြရမည်။

၆။      ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် ပတ်သက်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသုံးအဆောင်ပစ္စည်းများ စာရင်း၊ မီးဘေး ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စာရင်း၊ လုပ်ငန်းခွင်တွင် ကျန်းမာရေး၊ မီးဘေးအထောက်အကူပြု အစီအမံများထားရှိမှုအခြေအနေ၊ စက်သုံးဆီယိုစိမ့်မှုများအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်သည့် Emergency Response အစီအမံများကို တင်ပြရမည်။

၇။        စက်သုံးဆီအမျိုးအစားအလိုက် သယ်ယူပို့ဆောင်ခြင်း၊ စက်သုံးဆီထောက်ပံ့ ဖြန့်ဖြူးခြင်းလုပ်ငန်း အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ထုတ်ပေးသည့် Certificate၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပေးထားသည့်Certificate တို့ကို တင်ပြရမည်။

၈။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့် ဖြူးရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ခွင့်၊ ခွင့်ပြုကြေးပေးသွင်းပြီးကြောင်း ငွေရပြေစာမိတ္တူတင်ပြ ရမည်။

၉။        စက်သုံးဆီတင် ရေယာဉ်များထားရှိရမည့် တည်ဆဲဥပဒေနှင့်အညီ အာမခံဆိုင်ရာ အကာအကွယ် များအတွက်  လိုအပ်သော စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြရမည်။

 

 “ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် စည်းကမ်းချက်”

၁။     ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သက် တမ်းကို(တစ်)နှစ်သာ ခွင့်ပြုပါသည်။ လုပ်ကိုင်ခွင့်သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်း မစေ့မီ (၁)လ ကြိုတင်၍ လျှောက်ထားရမည်။ သတ်မှတ်ကာလ ပြည့်မြောက်ပါက လုပ်ငန်းဆောင် ရွက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရမည်။

၂။ ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူများ သည် (တစ်)နှစ်လျှင် ကျပ်၂၀၀,၀၀၀/-(ကျပ်နှစ်သိန်းတိတိ)ကို ဤခွင့်ပြုလက်မှတ်ဆက်လက်တည်ရှိ နေသရွေ့ကာလပတ်လုံး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ပေးဆောင်ရမည်။

၃။         ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းတိုး ခြင်းအား အချိန်မီဆောင်ရွက်ခြင်းမပြုပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည်။  သတ်မှတ် ရက်ထက် ၁လ(ရက်ပေါင်း ၃၀)အတွင်းကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ကျပ်သုံးသောင်း၊ ၁လ (ရက်ပေါင်း၃၀) ထက်ကျော်လွန်ပါက ကျပ်ခြောက်သောင်း၊ ၂လ(ရက်ပေါင်း၆၀) ထက်ကျော်လွန်ပါက ကျပ်ကိုးသောင်း၊ ၃လ(ရက်ပေါင်း၉၀) ထက်ကျော်လွန်ပါက ကျပ်တစ်သိန်းငါးသောင်းနှင့် ၄လ (ရက်ပေါင်း၁၂၀)ထက်ကျော်လွန်ပါက အပြီးလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

၄။   ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အရ ခွင့် ပြုထားသောလုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိ။ အခြားတစ်ဦးဦးသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရ။

၅။      လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဋ္ဌာန်းထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဆိပ်ကမ်းနယ်နိမိတ်အတွင်း သွားလာနေသည့် ရေ ယာဉ်အားလုံးအတွက်လည်းကောင်း၊ ရေနံထွက်ပစ္စည်းတင် ရေယာဉ်များအတွက်လည်းကောင်း၊ ထုတ် ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ စည်းမျဉ်း စည်းကမ်း များကို တိကျစွာ လိုက်နာကျင့်သုံးရမည်။

၆။      စက်သုံးဆီတင် ရေယာဉ်များအနေဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်များ မရှိဘဲလုပ်ကိုင်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ ၁၇(ဆ)၊၁၉(က)၊၃၆(က)၊ ၇၈၊ ၈၃၊ ၈၆ ၉၀ နှင့်၉၁အရ စည်းကမ်းဖောက်ဖျက်သူများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေအရ အရေးယူ ခြင်းခံရမည်။

၇။      စက်သုံးဆီရေယာဉ်များမှ ရေဆိုး၊ ဆီဆိုး၊ ဆီဟောင်းများ၊ အမှိုက်များ၊ အညစ်အကြေးများ ကို မြစ်ချောင်းအတွင်း လုံးဝ(လုံးဝ) စွန့်ပစ်ခြင်းမပြုရ။ စွန့်ပစ်ခြင်းကို စစ်ဆေးတွေ့ရှိပါက မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ(၁၉)(က)အရ  သတ်မှတ်ထားသည့်   ဒဏ်ကြေးပေးဆောင်ရမည့်

အပြင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ရှင်းလင်း ဆောင်ရွက်ပေးရမည်။ ထို့အပြင် ရေဆိုး၊ ဆီဆိုး၊ ဆီဟောင်းများ၊ အမှိုက်များ၊ အညစ်အကြေးများကိုစွန့်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) ရေယာဉ်ပိုင်ရှင်/ကိုယ်စားလှယ်မှ တာဝန်ယူစီမံဆောင်ရွက်ရမည်။

၈။      ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီရေယာဉ်တိုက်မှုကြောင့်လည်းကောင်း၊ သောင်တင် မှုဖြစ်ပေါ်ရာမှလည်းကောင်း၊ အကြောင်းတစ်မျိုးမျိုးကြောင့်လည်းကောင်း၊ စက်သုံးဆီနှင့်စက်သုံး ဆီအညစ်အကြေးများယိုဖိတ်ခြင်းမရှိအောင် အထူးဂရုပြုဆောင်ရွက်ရမည်။ ယိုဖိတ်မှု ရှိလာပါက လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) ရေယာဉ်ပိုင်ရှင်/ကိုယ်စားလှယ်မှ တာဝန်ယူစီမံဆောင် ရွက်ရမည်။

၉။      စက်သုံးဆီတင်ရေယာဉ်မှ စက်သုံးဆီနှင့် စက်သုံးဆီအညစ်အကြေးများ ယိုဖိတ်ခြင်းအား တာဝန်ယူရှင်းလင်း ဖယ်ရှားခြင်းမပြုနိုင်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ရှင်းလင်း ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ရှင်းလင်းဖယ်ရှားသည့်အတွက် ကုန်ကျသည့် ကုန်ကျစရိတ် များကို  လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) သင်္ဘောပိုင်ရှင်    (သို့မဟုတ်)  ကိုယ်စားလှယ်က

ပြန်လည်ပေးချေရမည့်အပြင် ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း လုပ်ကိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်။

၁၀။    အပြည်ပြည်ဆိုင်ရာဆီတင်ရေယာဉ်နှင့် တံတားများလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက် International Safety Guide for Oil Tankers and Terminals (ISGOTT) ကို တည်ဆဲဥပဒေများနှင့်အညီ ဆိပ်ကမ်းနယ်နိမိတ်အတွင်းသွားလာနေသော ဆီတင်ရေယာဉ်၊ ရေနံ တင်ရေယာဉ်များနှင့် ဆီတင်/ချတံတားများ လိုက်နာဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ  ကြီးကြပ်လမ်းညွှန်မှုပြုနိုင်သည်။

၁၁။    IMOမှ ထုတ်ပြန်ထားသောMARPOL73 / 78ANNEX (1) OIL  POLLUTION မဖြစ် ပေါ်စေ ရေးအတွက်  လိုက်နာရန် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာ ဆောင် ရွက်ရမည်။

၁၂။     ရေနံထွက်ပစ္စည်းတင်ရေယာဉ်များ ဆိပ်ကမ်းနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာ၌ သာ ခွင့်ပြုချက်ရရှိသည့် စက်သုံးဆီများတင်/ချခြင်းကို ဆောင်ရွက်ရမည်။

၁၃။    စက်သုံးဆီတင်/ချခြင်းပြုလုပ်နေစဉ်နေ့အချိန်၌ဦးပိုင်းရွက်တိုင်ထိပ် (FORE MASTHEAD) တွင် “B”အလံကိုလွှင့်တင်၍ ညအချိန်တွင် မီးနီတစ်လုံးကို ထွန်းညှိထားရမည်။ ဆိုက်ကပ်ရပ်နားသည့် စက်သုံးဆီတင်ရေယာဉ်များ၊ စက်မဲ့ဆီတင်တွဲများတွင် အစောင့်များချထားခြင်း၊ ဆက်သွယ်ရေး ကိရိယာများစီမံထားရှိခြင်း၊ ဆိုက်ကပ်ရပ်နားသည့်အချက်ပြ မီးများထွန်းညှိခြင်းစသည့်အစီအမံ များထားရှိရန်။

၁၄။    ရေယာဉ်ပေါ်တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ဂဟေဆော်ခြင်း၊ မီးအသုံးပြုခြင်း၊ လျှပ်စစ်သံမှိုရိုက်ခြင်းစသည့် မီး(သို့မဟုတ်) လျှပ်စစ်ဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လိုလျှင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ခွင့်ပြုချက်ရယူရမည်။ စက်သုံးဆီသိုလှောင်ထားရှိသဖြင့် ရေယာဉ် ပေါ်နှင့်အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သုံးခြင်း၊ Hot Work ပြုလုပ်ခြင်း၊ မီးပွင့်နိုင်သည့် လုပ်ငန်းများ၊ ပစ္စည်းများသုံးစွဲခြင်းလုံးဝမပြုလုပ်ရ။

၁၅။    ဆိပ်ကမ်းနယ်နိမိတ်အတွင်းဝင်/ထွက်မည့် ဆီတင်ရေယာဉ်များ ဝင်/ထွက်ခွင့်နှင့် ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသော ရေယာဉ်များသို့ဆီတင်ဆောင်ခြင်း၊ (Port Area) အတွင်း ကျောက်ချ ရေယာဉ်ဆိုက်ကပ်ရန်၊ ဆီတင်/ချခြင်းများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ကြိုတင်ခွင့်ပြုချက် ရယူရပါမည်။

၁၆။      ဆိပ်ကမ်းနယ်နိမိတ်အတွင်း       လုပ်ငန်းလုပ်ဆောင်ခြင်းအတွက်    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

ဆိပ်ကမ်းအတွင်းသွားလာခွင့်ပြုမိန့် (Permit to Ply) ပါရှိရမည်။

၁၇။    စက်သုံးဆီရေယာဉ်များအား ဆိပ်ကမ်းနယ်နမိတ်(PortLimit) ဧရိယာအတွင်းတွင် သတ် မှတ်ထားသည့် ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးများသာ မောင်းနှင်ရမည်။

၁၈။    စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော တည်ဆဲဥပဒေအရ ကျင့်သုံးလိုက်နာရမည် (သို့မဟုတ်) ဆက်လက်ကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်း၊ စည်မျဉ်းစည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအတိုင်း လိုက် နာဆောင်ရွက်ရမည်။

၁၉။     စက်သုံးဆီတင်ရေယာဉ်များတွင် ထားရှိရမည့် လိုင်စင်များ၊ ခွင့်ပြုမိန့်များ၊ သက်သေခံ လက်မှတ်များ အထောက်အထားပြ စာရွက်စာတမ်းများ(မူရင်း)များအား လိုအပ်သလို အချိန် မရွေး စစ်ဆေးမှုခံနိုင်ရန်အတွက် ရေယာဉ်တွင် အသင့်ထားရှိရမည်။

၂၀။      စက်သုံးဆီထောက်ပံ့ဖြန့်ဖြူးသည့် Valve,PipeLine, Flexible Hose နှင့် Connection Fittings များသည် သတ်မှတ် Pressure ခံနိုင်ရမည်ဖြစ်ပြီး၊ ယိုစိမ့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရမည်။

၂၁။      မီးလောင်လျှင်ဖြစ်စေ၊  အခြားအရေးပေါ်ကိစ္စပေါ်ပေါက်လျှင်ဖြစ်စေ၊   လုပ်ငန်းလိုအပ်ချက်

အရ ထွက်ခွာစေလျှင်ဖြစ်စေ၊ အချိန်မရွေးဆိပ်ကမ်းမှ အန္တရာယ်ကင်းစွာထွက်ခွာနိုင်ရေးအတွက် စနစ်တကျ ကြိုတင်စီမံထားရှိရမည်။

၂၂။     မိမိရေယာဉ်ချို့ယွင်းမှုကြောင့် မီးလောင်ပေါက်ကွဲ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားပါက ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအဝဝကို “လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ” က ပေးလျော်ရန် တာဝန်ရှိစေရမည်။

၂၃။     ရေယာဉ်အမျိုးအစား/အဆင့်အရ စည်းကမ်းချက်ပါအချက်များနှင့်ကိုက်ညီသည့် ဆိပ်ကမ်း နယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရန်ကုန်(ရုံးချုပ်)မှ ဆောင်ရွက်မည်။

၂၄။       လုပ်ကိုင်ခွင့်ရသူသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကွဲလွဲသောခွင့်ပြုချက်ကို စာအားဖြင့် မရရှိသရွေ့ကာလပတ်လုံးဆိုခဲ့သော လုပ်ငန်းကိုဖော်ပြထားသော စည်းကမ်းချက်များအတိုင်းသာ တိကျ စွာလိုက်နာဆောင်ရွက်ရမည်။ လိုက်နာရန် ပျက်ကွက်ပါက လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံ ရမည်ဖြစ်သည်။

 

 

 

ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်း၍ သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် Port Reception Service Provider လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ရမည့်အချက်များ

 

၁။      ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံလိပ်မူ၍ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပါမည်ဟု ဝန်ခံချက်ဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘော များမှ စွန့်ပစ်ပစ္စည်းများ လက်ခံသိမ်းဆည်းသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်လွှာတင်ပြရမည်။

၂။       Port Reception Facility နှင့် သက်ဆိုင်သည့်  အောက်ဖော်ပြပါ သတင်းအချက်အလက် များနှင့် Plan/ Drawing များကို တင်ပြရမည်-

(က) လက်ခံရယူမည့် စွန့်ပစ်ပစ္စည်းအမျိုးအစား

(ခ) သန့်စင်သည့် နည်းစနစ်နှင့် စံသတ်မှတ်ချက်

(ဂ) အသုံးပြုသည့် စက်ကိရိယာများနှင့် တည်ဆောက်ထားရှိပုံ

၃။      သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှကာကွယ်တားဆီးရန်အတွက် ရေးဆွဲထားသည့် Emergency Plan

၄။      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်

၅။      လက်ခံရယူနိုင်သည့် စွန့်ပစ်အမျိုးအစားနှင့် နှုန်းထား

၆။      ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

၇။      အခွန်ကင်းရှင်းကြောင်းလက်မှတ်

 

 ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်း၍ သန့်စင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုက်နာရမည့် စည်းကမ်းချက်များ

၁။      ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်းသည့် လုပ်ငန်း လုပ်ကိုင်ခွင့် သက်တမ်းကို(တစ်)နှစ်သာ ခွင့်ပြုပါသည်။ လုပ်ကိုင်ခွင့် သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းမစေ့မီ(တစ်)လ ကြိုတင်၍ လျှောက်ထားရမည်။

၂။       လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လုပ်ကိုင်ခွင့်သက်တမ်း သတ်မှတ်ကာလ ပြည့်မြောက်ပါက လုပ်ငန်းဆောင်ရွက်ခြင်းကို ချက်ချင်း ရပ်ဆိုင်းရမည်။

၃။      လက်ခံရယူရှင်းလင်းပေးနိုင်သည့် စွန့်ပစ်ပစ္စည်း အမျိုးအစားနှင့် နှုန်းထား အပြောင်းအလဲ ရှိပါက ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၄။      အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်နှင့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ၏ စံချိန် စံညွှန်းသတ်မှတ်ချက်များနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိရမည်။

၅။      သင်္ဘောများမှ စွန့်ပစ်ပစ္စည်း လက်ခံရှင်းလင်းပေးသည့် စာရင်းကို လစဉ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ တင်ပြရမည်။

၆။      ဤလုပ်ငန်းလုပ်ကိုင်ခွင့်အရ ခွင့်ပြုထားသောလုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခွင့်မရှိ။ အခြား တစ်ဦးဦးသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရ။

၇။      လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဌာန်းထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ရမည်။

၈။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကွဲလွဲသော ခွင့်ပြုချက်ကို စာအားဖြင့် မရရှိသရွေ့ကာလပတ်လုံး ဆိုခဲ့သော လုပ်ငန်းကို ဖော်ပြထားသော စည်းကမ်းချက် များအတိုင်းသာ တိကျစွာ လိုက်နာဆောင်ရွက်ရမည်။ စည်းကမ်းချက်အား လိုက်နာရန် ပျက် ကွက်ပါက လုပ်ငန်းလုပ် ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

၉။      စွန့်ပစ်ပစ္စည်းများသယ်ယူ၊ ထိန်းသိမ်း၊ သန့်စင်ရာတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တည်ဆဲဥပဒေများအရ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ကြော်ငြာစာ၊ ညွန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၁၀။    အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ငြိမ်းချမ်းသောနည်းလမ်းဖြင့် နှစ်ဦးနှစ်ဖက် ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ ဖြေရှင်းနိုင်ခြင်းမရှိလျှင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန် ကြားရေးမှူး၏ အဆုံးအဖြတ်သည် နောက်ဆုံးအတည်ဖြစ်ပြီး အငြင်းပွားသူတို့နှစ်ဦးက လိုက်နာ ရမည်။

ကုန်သေတ္တာအခွံများ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း

ဝန်ဆောင်မှု ရယူရန် အခြေခံလိုအပ်ချက်များ 

၁။ ကုန်သေတ္တာအခွံ အလုံးရေအား လုပ်ကိုင်ခွင့်တွင် ခွင့်ပြုထားသည့် အရေအတွက်နှင့် ထားသိုမည့်ပုံစံအတိုင်းသာ သိုလှောင် ထားရှိခွင့်ပြုသည်။ သတ်မှတ်အရေအတွက်ထက် ကျော်လွန်၍ သိုလှောင်ခြင်း မပြုရ။

၂။   ဆိုခဲ့သော ကုန်သေတ္တာအခွံ သိုလှောင်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်အား သက်ဆိုင်ရာ ဆိပ်ကမ်း တံတားအတွင်း ကုန်သေတ္တာ အခွံများ သိုလှောင်ရန်အတွက် အသုံးပြုရမည်။

၃။      ဤကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင် ခွင့် သက်တမ်းကို (တစ်)နှစ်သာ ခွင့်ပြုသည်။

၄။ ဤခွင့်ပြုချက်ကို ရရှိသည့်အတွက် ခွင့်ပြုလက်မှတ်ရသူ(များ)သည် မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၏ ၂၀၁၃ ခုနှစ်၊  ဇူလိုင်လ၂၅ရက်နေ့စွဲပါ စာအမှတ်၊ လသ/ ၁၂၄၂/ ၂၀၁၃ (အစည်းအဝေး မှတ်တမ်း)အရ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ US$ ၁၅၀၀ကို ဤခွင့်ပြုလက်မှတ် ဆက်လက် တည်ရှိနေသ၍ ကာလပတ်လုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အား ပေးဆောင်ရမည်။

၅။   ခွင့်ပြု လက်မှတ်ရသူ(များ)သည် လုပ်ကိုင်ခွင့် သက် တမ်း သတ်မှတ်ကာလပြည့်မြောက်ပါက လုပ်ငန်းဆောင် ရွက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရမည်။

၆။      ဤခွင့်ပြုလက်မှတ်အား ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်း မပြုနိုင်သည်ဖြစ်၍ ခွင့်ပြုလက်မှတ် ရသူ(များ)သည်  ဆိုခဲ့သော  ကုန်သေတ္တာအခွံ  သိုလှောင်ခြင်းလုပ်ငန်းကို ပိုင်ဆိုင်သူ အဖြစ်မှ ရပ်စဲခဲ့သော်လည်းကောင်း၊ ထိုကုန်သေတ္တာအခွံ သိုလှောင် ခြင်းလုပ်ငန်းကို အထက်ဖော်ပြခဲ့သည့် အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိခဲ့လျှင် သော်လည်းကောင်း ဤခွင့်ပြု လက်မှတ် ရပ်စဲသွားပြီဟု မှတ်ယူရမည်။

 

၇။      အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆိပ်ကမ်း အလုပ်သမားများ အက်ဥပဒေ နှင့် အလုပ်သမား များ အလုပ်စိစစ်ရေး ဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ရမည်။

၈။      ခွင့်ပြုလက်မှတ်ရသူ(များ)သည် အထက်ဖော်ပြခဲ့သော စည်းကမ်းချက် တစ်စုံတစ်ရာကို ဖောက်ဖျက်ပါက ဤခွင့်ပြု လက်မှတ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က အချိန်မရွေးရပ်ဆိုင်း ခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်နိုင်၍ ထိုသို့ပြုလုပ်ရ ပါက ခွင့်ပြုလက်မှတ် ရသူ(များ)သည် မိမိတို့၏ အစီအစဉ် ဖြင့် ချက်ချင်းဖျက်သိမ်း ပေး ရမည်။

၉။      ကုန်သေတ္တာအခွံများ သိုလှောင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အပတ်စဉ်၊ လစဉ်မှတ်တမ်း များအား မြန်မာ့ ဆိပ်ကမ်းအာဏာ ပိုင်မှ သတ်မှတ်သည့် ပုံစံဖြင့် တောင်းခံ လာပါက စနစ်တကျ ပြုစု၍ မပျက်မကွက် ပေးပို့ရမည်။

၁၀။    ကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စစ်ဆေးရေးအရာရှိများက အခါအားလျော်စွာ စစ်ဆေး၍ စစ် ဆေးတွေ့ရှိချက်အရ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရမည်။

၁၁။    လုပ်ငန်းလိုင်စင်ရသည့် အဖွဲ့အစည်းမှ ခန့်အပ်ထား သော ဝန်ထမ်း-လုပ်သားများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ ကိုယ် အင်္ဂါချို့ ယွင်းခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေး ကိစ္စများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် (လုံးဝ) မသက်ဆိုင်စေရ။

၁၂။    လုပ်ကိုင်ခွင့် သက်တမ်းတိုး လျှောက်ထားရာတွင် သက် တမ်း မစေ့မီ(၁)လကြိုတင်၍ လျှောက်ထားရမည်။

၁၃။    ကုန်သေတ္တာ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် သက် တမ်းတိုးခြင်းအား အချိန်မီ ဆောင်ရွက်ခြင်းမပြုဘဲ  သတ်မှတ်ရက်ထက် ၁လ (ရက်ပေါင်း ၃၀)အတွင်း ကျော်လွန် ပါက ဒဏ် ကြေးအဖြစ် ကျပ် တစ်သိန်း၊ ၁လ (ရက်ပေါင်း ၃၀) ထက် ကျော် လွန်ပါက  ကျပ်နှစ်သိန်း၊ ၂ လ(ရက်ပေါင်း ၆၀) ထက်ကျော်လွန် ပါက ကျပ်သုံးသိန်း၊ ၃လ (ရက်ပေါင်း ၉၀) ထက်ကျော်လွန် ပါက ကျပ် ဆယ်သိန်းနှင့် ၄လ (ရက်ပေါင်း၁၂၀)ထက် ကျော် လွန်ပါက အပြီးလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

၁၄။    ကုန်သေတ္တာအခွံများ လက်ခံရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်း ဌာနမှ သတ်မှတ်ထားသော ကုန်သေတ္တာအခွံ လက်ခံခြင်း ပုံစံ(၉၁)နှင့် ပြန်လည်ထုတ်ပေးရာ တွင် ကုန်သေတ္တာအခွံများ ထုတ်ယူခြင်း ပုံစံ (၁၀၂)တို့ပါရှိမှသာ လက်ခံ သိုလှောင်ခြင်း၊ ထုတ်ပေးခြင်း များ ပြုလုပ်ရမည်။

၁၅။    ကုန်သေတ္တာအခွံများအား လွယ်ကူလျင်မြန်စွာ လက်ခံ ထုတ်ပေးနိုင်ရေးအတွက် Location Tracking System၊ လုံခြုံ မှုအတွက် CCTV System၊ လွင်ပြင်မီး ( High Mast Lighting) နှင့် လုံခြုံရေးမီးများ လုံလောက်စွာ တပ်ဆင် ထားရှိရမည်။

၁၆။    ကုန်သေတ္တာအခွံ သိုလှောင်ခွင့်ပြုသည့် အရေအတွက် ၏ Maximun Capacity ၈၀% ရောက်ရှိသည့်အခါ ဆောင်ရွက် မည့် Contingency Plan  အား ရေးဆွဲထား ရှိရမည်။

၁၇။    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် Port EDI System နှင့် လိုက်ပါ ဆောင်ရွက်နိုင်မည့် ကွန်ပျူတာစနစ်တစ်ခုအားအသုံးပြု၍ လိုအပ်ချက် များအား လိုက်နာဆောင်ရွက်ရမည်။

၁၈။    ကုန်သေတ္တာအခွံများ လက်ခံသိုလှောင်ခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းစသည့် လုပ်ငန်း များအား (၂၄) နာရီပတ်လုံး ဝန်ဆောင်မှုပေးနိုင်အောင် စီစဉ်ဆောင်ရွက်ရမည်။

၁၉။    ဆိပ်ကမ်းတံတား၏အနီးရှိအများပြည်သူ အသုံး ပြုသည့် လမ်းမ၊ လမ်းသွယ်များအား သက်ဆိုင်ရာ ဆိပ်ကမ်း တံတားသို့ ဝင်/ထွက်မည့် ကုန်သေတ္တာတင်ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှု  မဖြစ်ပေါ်စေရေး စနစ်တကျ စီမံ ဆောင်ရွက်ရမည်။

၂၀။    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကုန်သေတ္တာအခွံများ သိုလှောင် ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များအား မပျက်မကွက် လိုက်နာ ရမည်။

၂၁။    ကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင် သော ပုဂ္ဂလိကတံတားများအနေဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် များမရှိဘဲ လုပ်ကိုင်ပါကမြန်မာ့ဆိပ်ကမ်းအာဏာ ပိုင် ဥပဒေ ပုဒ်မ ၈၃ နှင့် ၉၀ အရ အရေးယူခြင်းခံရမည်။

ဝန်ဆောင်ခ

တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ US$ ၁၅၀၀

လိုအပ်သော စာရွက်စာတမ်းများ

​​​​​​​၁။    သက်ဆိုင်ရာ ဆိပ်ကမ်း၏ လျှောက်ထားလွှာ (သို့မဟုတ်)  သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလွှာ။

၂။      ဆိပ်ကမ်းတံတား အကျယ်အဝန်းနှင့် ကုန်သေတ္တာအခွံ သိုလှောင်မည့် နေရာအကျယ် အဝန်း။

၃။        ဆိပ်ကမ်းတံတားအတွင်း ကုန်သေတ္တာအခွံ သိုလှောင်မည့် Yard Area ၏ တည်နေရာပြ မြေပုံ (သို့မဟုတ်) Conceptual Plan (ကုန်သေတ္တာတင်ယာဉ် ဝင်/ထွက်ရာ လမ်းကြောင်း၊ ကုန် ကိုင်တွယ်သည့်ကရိယာနှင့်ယန္တရားများ လုပ်ငန်းဆောင်ရွက်ရာ လမ်းကြောင်းများ၊ Gate House, Boundary Wall (Fence), Office Building, Maintenance Workshop များအား အသေးစိတ်ဖော်ပြရန်)

၄။      သိုလှောင်လိုသည့် ကုန်သေတ္တာအခွံ အရေအတွက် အား TEU ဖြင့် ဖော်ပြရန်။ သိုလှောင်မည့် ပုံစံအား TGS (Total Ground Slots )ဖြင့် ဖော်ပြရန်။

၅။      ကုန်သေတ္တာအခွံ သိုလှောင်မည့် လုပ်ငန်းအပြင် အခြားဆောင်ရွက်မည့် ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းများ (ဥပမာအား ဖြင့် Container Clearing Services, Container Repair Facilities နှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ)အား ထည့်သွင်းဖော်ပြရန်။

၆။      အကယ်၍ အဆိုပါ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက အဆိုပါ ဆောင်ရွက်မည့် ဝန်ထမ်း များ နှင့် ၎င်းတို့ရရှိထားသော ကျွမ်းကျင်လက်မှတ်များ ရရှိမှုအခြေ အနေများကိုပါ ပူးတွဲဖော်ပြရန်။

၇။      ကုန်သေတ္တာအခွံ သိုလှောင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ကောက်ခံမည့် ဝန်ဆောင်မှု အခွန်အခ နှုန်းထား။

၈။        ကုန်သေတ္တာအခွံ ကိုင်တွယ်ရန်ထားရှိသည့် ကုန်ကိုင်တွယ် ကိရိယာများ၏ စာရင်း။ (အမျိုး အစား၊ စက်စွမ်းအား၊ အရေ အတွက်တို့ဖြင့်ဖော်ပြရန်)

၉။      Yard Lighting, Security Lighting System နှင့် Sub-station ရှိ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းစာရင်းနှင့် Electrical Diagram။(လျှပ်စစ် စစ်ဆေးရေး(EI) စစ်ဆေးချက် အပါအဝင် ဖော်ပြရန်)

၁၀။    ကုန်သေတ္တာအခွံများအား လွယ်ကူလျင်မြန်စွာ သိုလှောင် ထုတ်ပေးနိုင်ရေးအတွက် တပ်ဆင်ထားရှိသည့် Location Tracking System အမျိုးအစား။

၁၁။    ကုန်သေတ္တာအခွံ ကိုင်တွယ်သည့် ကုန်ကိုင်တွယ် ကိရိယာ စက်၊ ယာဉ်ယန္တရားများ မောင်းနှင်မည့် စက်မောင်း အမည် စာရင်း။ (ဂိုဏ်းအမှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ အဘ အမည်၊ ကျွမ်းကျင်မှုလက်မှတ်)

၁၂။    ကုန်ကိုင်တွယ်ကိရိယာနှင့် စက်ယာဉ် ယန္တရားမောင်း သင်တန်း သင်ရိုးညွှန်းတမ်း။

၁၃။      အလုပ်သမားဘေးအန္တရာယ်ကင်းရှင်းရေး သင်ရိုးညွှန်း တမ်း။

၁၄။    ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မိတ္တူ။

၁၅။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနသို့ ICD License Fees ပေးသွင်းပြီးကြောင်း ငွေရ ပြေစာမိတ္တူ။

လျှောက်ထားရန်

​​​​​​​ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ လျှောက်ထားရမည်။

ဝန်ဆောင်မှုပေးသည့် ဌာနများအား ဆက်သွယ်ရမည့်လိပ်စာ

​​​​​​​ကုန်လုပ်ငန်းဌာန၊လုပ်သားရေးရာဌာန

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့

ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (အပြည်ပြည်ဆိုင်ရာ)

 

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ သတ်မှတ်ချက်များ

ဆိပ်ကမ်းနယ်နိမိတ်အတွင်းနှင့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပတွင်ရှိသော တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားများမှ တည်ဆောက်ရေး လုပ်ငန်းပြီးစီးပြီးနောက် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လျှောက်ထားရမည်ဖြစ်ပါသည်။

ဝန်ဆောင်ခ

လိုင်စင်သက်တမ်းမှာ (၅)နှစ်ဖြစ်ပါသည်။ လိုင်စင်ကြေးမှာ အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတားတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၂)သောင်းဖြစ်သည်။

လိုအပ်သော စာရွက်စာတမ်းများ

(၁)     ဆိပ်ကမ်းတည်ဆောက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲထားသည့် ဒီဇိုင်းပုံစံများ၊ ဒီဇိုင်းသက်တမ်းနှင့် ဆိပ်ခံတံတားရှေ့ ရေအနက်တိုင်းတာထားသော ရေပုံ

(၂)     အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားဖြစ်ပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပေးထားသော Certificate for STATEMENT OF COMPLIANCE OF PORT FACILITY

(၃)     စက်သုံးဆီ တင်/ချ တံတားဖြစ်ပါက Port Security Facilities Plan နှင့် Oil Spill Contingency Plan

(၄)     ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်ရန်အတွက် တံတားအရှည်၊ လွင်ပြင်အကျယ်အဝန်း၊ အသုံး ပြုမည့် စက်/ကိရိယာများနှင့် လုပ်ငန်းဆောင်ရွက်မည့် အမျိုးအစားပေါ် မူတည်ပြီး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ (Operation Plan)

(၅)     ကုန်ကိုင်တွယ်စက်ကိရိယာများအား အမျိုးအစားအလိုက်၊ အသေးစိတ် အချက်အလက်၊ စွမ်းဆောင်ရည်နှင့် အရေအတွက် (မူလထုတ်လုပ်သည့် နိုင်ငံ/ ကုမ္ပဏီမှ ပေးပို့ထားသည့် အချက်အလက်များဖြင့်)

(၆)     ဆိပ်ကမ်းတံတား၏ ကုန်ကိုင်တွယ်မည့် သတ်မှတ် အမျိုးအစားအလိုက် (အထွေထွေ ကုန်စည်/ ကုန်သေတ္တာ/ အခြား) ဒီဇိုင်းအရ ကိုင်တွယ်နိုင်မှုပမာဏ

(၇)     ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့်စနစ် (B.O.T/ J.V / မိမိပိုင်မြေ)နှင့် သက်တမ်းကာလ

 

လျှောက်ထားရန် အဆင့်များ

အဆင့်(၁)      – တည်ဆောက်ရေး လုပ်ငန်းပြီးစီးပြီးနောက် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရာတွင် အထက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

အဆင့်(၂)       – ထိုမှတစ်ဆင့် သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့် ကိုက်ညီမှု ရှိ-မရှိကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးမည် ဖြစ်ပါသည်။

အဆင့်(၃)      – သတ်မှတ်ထားသော စည်းကမ်းချက်များကိုက်ညီမှုရှိပါက သက်ဆိုင်ရာ ဆိပ်ကမ်း သည် ဆိပ်ကမ်းလိုင်စင်ကြေးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး လိုင်စင်ကြေးပေးသွင်းပြီးပါက ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ထုတ်ပေးမည်ဖြစ်ပါသည်။

 

ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (ကမ်းရိုးတန်း)

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ သတ်မှတ်ချက်များ

ဆိပ်ကမ်းနယ်နိမိတ်အတွင်းတွင် တည်ဆောက်ပြီး၊ ကမ်းရိုးတန်းသွား ဆိပ်ကမ်းတံတားများမှ တည်ဆောက်ရေးလုပ်ငန်းပြီးစီးပြီးနောက် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လျှောက်ထားရမည်ဖြစ်ပါသည်။

ဝန်ဆောင်ခ

လိုင်စင်သက်တမ်းမှာ(၅)နှစ်ဖြစ်ပါသည်။ လိုင်စင်ကြေးမှာ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ် သည့် ဆိပ်ကမ်းတံတားတစ်ခုအတွက် ကျပ်ငွေ သိန်း(၅၀) ဖြစ်ပါသည်။

လိုအပ်သောစာရွက် စာတမ်းများ

(၁) ဆိပ်ကမ်းတည်ဆောက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲထားသည့် ဒီဇိုင်းပုံစံများ၊ ဒီဇိုင်းသက်တမ်းနှင့် ဆိပ်ခံတံတားရှေ့ ရေအနက်တိုင်းတာထားသော ရေပုံ

(၂)     ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်ရန်အတွက် တံတားအရှည်၊ လွင်ပြင် အကျယ်အဝန်း၊ အသုံးပြုမည့် စက်/ကိရိယာများနှင့် လုပ်ငန်းဆောင် ရွက်မည့် အမျိုးအစားပေါ်မူတည်ပြီး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ (Operation Plan)

(၃)     ကုန်ကိုင်တွယ်စက်ကိရိယာများအား အမျိုးအစားအလိုက်၊ အသေးစိတ် အချက်အလက်၊ စွမ်းဆောင်ရည်နှင့် အရေအတွက် (မူလထုတ်လုပ်သည့် နိုင်ငံ/ ကုမ္ပဏီမှ ပေးပို့ထားသည့် အချက်အလက်များဖြင့်)

(၄)     ဆိပ်ကမ်းတံတား၏ ကုန်ကိုင်တွယ်မည့် သတ်မှတ် အမျိုးအစားအလိုက် (အထွေထွေ ကုန်စည်/ ကုန်သေတ္တာ/ အခြား) ဒီဇိုင်းအရ ကိုင်တွယ်နိုင်မှု ပမာဏ

(၅)     ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စနစ် (B.O.T/ J.V / မိမိပိုင်မြေ)နှင့် သက်တမ်းကာလ

 

 လျှောက်ထားရန် အဆင့်များ

အဆင့်(၁)     – တည်ဆောက်ရေးလုပ်ငန်းပြီးစီးပြီးနောက် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရာတွင် အထက်ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

အဆင့်(၂)       – ထိုမှတစ်ဆင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ-မရှိကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးမည် ဖြစ်ပါသည်။

အဆင့်(၃)      – သတ်မှတ်ထားသော စည်းကမ်းချက်များကိုက်ညီမှုရှိပါက သက်ဆိုင်ရာ ဆိပ်ကမ်း သည် ဆိပ်ကမ်းလိုင်စင်ကြေးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး လိုင်စင်ကြေးပေးသွင်းပြီးပါက ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ထုတ်ပေးမည်ဖြစ်ပါသည်။

Issuance of permit to ply within port area 

Permit to ply shall be issued with the purpose of ensuring waterway safety, and for systematic transport without restraint. Any ship shall be allowed to pass within the port area if there’s permit to ply issued by Myanmar Port Authority.

How to apply

For Gearless Carriers and Inland Vessels

Applicants who require permit to ply within port area must apply for temporary permit first.

Upon the expiry of the temporary permit after a period of one year, the permit to ply within the port area (for one year) will be issued

For Geared Carriers under 20 hp

Permit to ply within port area will be issued only after carrier license has already been registered by General Administrative Department of respective Township.

Fee

– Gearless Carriers and Inland Vessels                           –           8500 . 00 MMK

–  one-ton weighed Geared Carriers under 20 hp           –           34 . 000 MMK

Required Documents

Owner or representative

National ID Card and Housing Census (genuine/copy)  – (1) pair

Passport Photo  –  (3) photos

Vessels Photo (front, back, side(left/right))  –  (4) photos

Vessels structure (Drawing plan)  –  (1) photo

Shipyard recommendation –  (1) pair

Service license issued by Central Supervising Body of Myanmar Inshore and Inland Water Transport                               –           (1) pair