MPA Logo

new banner

SEAOP မှ တည်ဆောက်ခဲ့သော တန်ချိန် (၃၀၀,၀၀၀)ရှိ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ကျောက်ဖြူမဒဲကျွန်း ရေနံတင်ဆိပ်ကမ်း (Crude Oil Terminal)

Location Made Island, Kyauk Phyu Township, Rakhine State
Type of Cargo Tanker port
Start Date of Construction 31-10-2009
Implementing Parties Ministry of Energy and South East Asia Pipeline Company-CNPC are being taken Joint-Venture.

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းကို ယခင် စွမ်းအင်ဝန်ကြီး ဌာန (MOE) နှင့် China National Petroleum Corporation (CNPC) တို့ ၁၆-၆-၂၀၀၉ ရက်နေ့ တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူခရိုင်၊ မဒဲကျွန်းတွင် Workboat Wharf တည်ဆောက်ခြင်းလုပ်ငန်းကို ၃၀-၁၀-၂၀၀၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၃၀-၈-၂၀၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ DWT ၃၀၀,၀၀၀၊ LOA ၃၀၀ မီတာ၊ အကျယ် ၆၀ မီတာ၊ ရေစူး ၂၃ မီတာရှိသော ရေနံတင် သင်္ဘောဆိုက်ကပ်နိုင်သည့် Crude Oil Terminal တည်ဆောက်ခြင်း လုပ်ငန်းကို ၁-၄-၂၀၁၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၃၁-၅-၂၀၁၃ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်းနှင့် South-East Asia Crude Oil Pipeline Co, Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် (၃၀၀,၀၀၀) ဆန့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနမှ ၂၂.၁.၂၀၁၅ ရက်စွဲပါစာဖြင့် ​​ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ရှေးဦးစွာ ပထမ ဦးဆုံးအကြိမ်အဖြစ် MT.XIN  RUN YANG (LOA:330M) သင်္ဘောသည် ၂၄.၁.၂၀၁၅ ရက်နေ့တွင်  CRUDE   OIL  တန်ချိန် (၁၃၅,၆၅၁) တန်ချရန် စမ်းသပ်ဆိုက်ကပ်ခဲ့ပါသည်။ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လုပ်ငန်းစတင်ဆောင်ရွက်မှု အနေဖြင့် MT. UNITED  DYNAMIC သင်္ဘောသည် CRUDE  OIL တန်ချိန် (၁၄၀,၂၁၉) တင်ဆောင် ၍ ၉.၄.၂၀၁၇ ရက်နေ့တွင်  ဝင်ရောက်ဆိုက်ကပ်ကာ ရေနံစိမ်းများ ကုန်ချခဲ့ပါသည်။ မဒဲကျွန်းရှိ SEAOP ၏ ရေနံတင်ဆိပ်ကမ်း(Crude Oil Terminal)တွင် သင်္ဘောကြီးအလျား ၃၃၀ မီတာ၊ ရေစူး ၂၃ မီတာ၊ သင်္ဘောတန်ချိန် ၃၀၀၀၀၀ ရှိသည့် သင်္ဘောကြီး (၁၇၀)စီး ဆိုက်ကပ် ခဲ့ပြီး ရေနံစိမ်း စုစုပေါင်း မက်ထရစ် တန်ချိန် (၄၃.၇၄) သန်းခန့်ရှိပါသည်။

ကျောက်ဖြူ၊ မဒဲဆိပ်ကမ်းသို့  ဝင်ရောက်လာသည့် ရေနံတင်သင်္ဘောကြီးများ  အန္ထရာယ် ကင်းရှင်းစွာ   လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြ မှူးကြီးများ စေလွှက်ကာ  ဆောင်ရွက်ပေးလျက်  ရှိပါသည်။