MPA Logo

new banner

Project for formulation of Port Master Plan

Activity Location(s) Nation Wide: all sea ports and river ports
Objectives To enhance and facilitate the economic development of Myanmar, through formulation of long-term plan for the port development
Start date of Project February 2021
Implementing Parties Department of Transport Planning, Myanmar Port Authority and JICA

နိုင်ငံတကာကုန်သွယ်မှု၏ (၇၀%ခန့်)သည် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်နေ ခြင်းဖြစ်၍ ပင်လယ်ရေကြောင်းဖြင့်ကုန်သွယ်ရေး(Maritime Trade)သည် ကမ္ဘာ့စီးပွား ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အလွန် အရေးပါသည်ဖြစ်ရာ အနာဂါတ်ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း အထောက် အကူပြုနိုင်ရေးအတွက် ဤစီမံကိန်းအား ရေးဆွဲခြင်းဖြစ်ပါသည်။

ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်းဆိုင်ရာစီမံချက်အား ဂျပန်နိုင်ငံ၏ Technical Assistant Program(TAP)ဖြင့် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား Exchange of Note(E/N) ရေးထိုးပြီးနောက်တွင် JICA ၏အထောက်အပံ့အစီအစဉ်ဖြင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ဖြစ်ပါသည်။

စီမံကိန်းကာလမှာ ၂၀၂၁ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖြစ်ပြီး JICA အနေဖြင့် လုပ်ငန်းခွင် Survey ပြုလုပ်ခြင်း၊ Design  ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးနှင့် နည်းပညာကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် National Logistics Master Plan, National Transport Master Plan တို့နှင့် ချိတ်ဆက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။

JICA’s Grant Assistance ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း (၂၀၁၅-၂၀၄၀)၊ အမျိုးသား ထောက်ပံ့ ပို့ဆောင်ရေး မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း(၂၀၁၈-၂၀၃၀)တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် အဓိကလုပ်ငန်းရပ်များဖြစ်သော ဆိပ်ကမ်းဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း (၂၀၃၀ခုနှစ်)၊ ဦးစားပေးဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရေးဆွဲခြင်းစီမံကိန်း(၂၀၃၅ခုနှစ်)နှင့် ဆိပ်ကမ်းလုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ ရေးဆွဲ ဆောင်ရွက်ခြင်းစီမံကိန်းတို့အား ရေးဆွဲရန်စီစဉ်ခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းများကို ရေးဆွဲခြင်း အားဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အဓိကဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်းအပါအဝင် ပြင်ပဆိပ်ကမ်းများအတွက်ပါ အနာဂါတ်ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အဆိုပါစီမံကိန်း ရေးဆွဲခြင်းအားဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေနှင့် စီးပွားရေးမူဝါဒလမ်းညွှန်ချက်များဖြစ်သည့် NIF ပါ (3.4.9 and 3.6.7)နှင့် MSDP ပါ မဏ္ဍိုင်(၂)၊ ပန်းတိုင်(၃)နှင့် မဟာဗျူဟာ(၃.၆)အရ ဆိပ်ကမ်းလုပ်ငန်းနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု နှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကိုပံ့ပိုးမည့် ဦးစားပေးအခြေခံအဆောက်အဦများ တည်ဆောက် ရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိပ်ကမ်းစွမ်းဆောင်ရည် မြင့်မားမှုနှင့်အတူ နိုင်ငံ့စီးပွား ရေးအား အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် JICA အထောက်အပံ့ဖြင့် ဆောင်ရွက် မည့် ဤစီမံကိန်းအား အကောင်အထည်ဖော်ခြင်းအားဖြင့် နောက်ထပ်ရေးဆွဲမည့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး  နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးမှာလည်း ပိုမိုခိုင်မာကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါသည်။

ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံချက် ရေးဆွဲပြီးပါက မဟာဗျူဟာ စီမံချက်အရ ဆိပ်ကမ်းနေရာသစ်များ၊ ရေနက်ဆိပ်ကမ်းများနှင့် ဆက်စပ်အခြေခံအဆောက် အအုံများ တိုးချဲ့တည်ဆောက်ရာတွင် ပြည်တွင်း/ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများကို ဆွဲဆောင်ဖိတ်ခေါ်နိုင်မည်ဖြစ်သည့်အပြင် စီမံကိန်းကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဗဟုသုတနှင့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ရရှိ ဖလှယ်နိုင်မည်ဖြစ်ပါသည်။

လက်ရှိ စီမံကိန်းဆောင်ရွက်နေမှုမှာ ကနဦး လေ့လာမှုအနေဖြင့်  “The Data Collection Survey on Navigation Channel and Port Possibilities in Yangon River” ကို ဆောင်ရွက်ရန်လျာထားသော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စက်တင်ဘာလအတွင်း Data Collection လုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ အောက်တိုဘာလတွင် Data Report နှင့် နိုဝင်ဘာလတွင် Final Report ထုတ်ပြန်သွားရန် မျှော်မှန်းထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်နေမှုအခြေအနေများကြောင့် စီမံကိန်းအား ယာယီရပ်ဆိုင်းထားပါသည်။ အဆိုပါ Survey မှ တွေ့ရှိချက်များအား Formulation of Port Master Plan တွင် ထည့်သွင်းအသုံးပြု သွားမည်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေများ ဖြစ်ပွားနေသော် လည်း ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်းနှင့် စပ်လျဉ်း၍ Yangon Port Master Plan အား Mr. Masao Kanno နှင့် မြန်မာဆိပ်ကမ်းအာဏာပိုင်အောက်ရှိ ဌာနအသီးသီး မှ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် ဆွေးနွေးညှိနှိုင်း၍ အောက်ဖော်ပြပါ အဆင့်သုံးဆင့်ဖြင့် လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်

(က) အဆင့်()        လေ့လာသင်ယူခြင်းနှင့် လက်ရှိဆိပ်ကမ်းကဏ္ဍကို သိရှိနားလည် စေခြင်း

() အဆင့်()          Yangon Port Master Plan အတွက် အချက်အလက်များ စုဆောင်းခြင်း၊ သုံးသပ်ခြင်းနှင့်ပြုစုခြင်း

() အဆင့်()          အတည်ပြုခြင်း (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) နှင့်ထုတ်ပြန်စေခြင်း

အဆိုပြုစီမံကိန်းက အကောင်အထည်ဖော်မည့် လုပ်ငန်းများအနေဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  Assessing the current state of the port sector

(ခ)   Formulation of Myanmar Port Master plan(Target year: 2030)

(ဂ)   Pre-feasibility study of Prioritized Port Development Plan(Target year:                       2035)

(ဃ) Formulation of Action Plan for Port Operation and Maintenance

(င) Public and Stakeholder Seminar on Yearly Interim Report

ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံချက်တစ်ခုဖြစ်၍ Master Plan, Development Plan, Action Plan များ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပြီး ကာလတို(၂)နှစ်၊ ကာလလတ်(၅)နှစ်၊ ကာလရှည်(၁၀)နှစ်အတွက် ရည်ရွယ်ကာ ပြန်လည်သုံးသပ်/ပြင်ဆင်/ ဖြည့်စွက်ရေးဆွဲခြင်းတို့အား နိုင်ငံတော်/ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ မိတ်ဖက်နိုင်ငံအဖွဲ့ အစည်းများ၏ Grant အထောက်အပံ့ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။