MPA Logo

new banner

ရန်ကုန်မြစ်အတွင်း နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာ ရာတွင် လိုအပ်သော ရေစူးအနက်ရရှိရေး အပြင်စည်းခုံရေလမ်းကြောင်းနှင့် အတွင်းစည်းခုံ ရေလမ်းကြောင်းတွင် သောင်တူးဖော်ရှင်းလင်းခြင်း စီမံကိန်း

Location Yangon river
Project Dredging to maintain the designated draft in the inner and outer bars of the Yangon River, which is a major obstacle in the Yangon River channel
Start Date of Project 12-3-2018
Implementing Parties Starhigh Asia Pacific Pte Ltd

ရေလမ်းကြောင်းနှင့်ဆိပ်ကမ်းလုပ်ငန်းများသည် သဘာဝ၏ အမွေအနှစ်တစ်ခု ဖြစ်သော် လည်း ပြုပြင်ထိန်းသိမ်းမှုနှင့်ပေါင်းစပ်မှသာ ရာနှုန်းပြည့်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရန်ကုန် ဆိပ်ကမ်းသည် ရန်ကုန်မြစ်ရေလမ်းကြောင်းအပေါ်တွင် တည်ရှိပြီး နိုင်ငံ့ကုန်စည်ပို့ဆောင်‌ရေး၏ ၉၀% ခန့်ကို ကိုင်တွယ်နေသည့် ပင်မဆိပ်ကမ်းတစ်ခုဖြစ်ပါသည်။

ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်ပြီး ပင်လယ်ကူးသင်္ဘောကြီးများ အတွက် သတ်မှတ်ထားသည့်ရေစူးအနက် (Controlling Depth) မကျအောင် ထိန်းသိမ်း ထားနိုင်ရေး သောင်တူးလုပ်ငန်းသည်  စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ဝင်ရောက်လာမည့် ရေယာဉ် ကြီးများအတွက် ရေစူးအာမခံချက်မပေးနိုင်ပါက ကုန်စည်စီးဆင်းမှု   အခက်အခဲ ဖြစ်နိုင်သကဲ့သို့   အပြည်ပြည်ဆိုင်ရာဥပဒေအရ  ဆိပ်ကမ်းတွင်သာ   တာဝန်ရှိမည်ဖြစ်ပါသည်။  ထိုစိန်ခေါ်မှုအား ကျော်လွှားနိုင်ရန် ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း   အဓိက အတားအဆီး ဖြစ်နေသော     အတွင်းစည်းခုံနှင့်   အပြင်စည်းခုံရေလမ်းကြောင်းအတွင်း သတ်မှတ်ရေစူး   ရရှိထိန်းသိမ်းထား နိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရေစူးအနက် တိုးတက်လာသည်နှင့်အမျှ ယခု လက်ရှိ   သင်္ဘောကြီးများအပြင်  အရွယ်အစား ပိုမိုကြီးမားသည့်  ရေယာဉ်ကြီးများပါ ကိုင်တွယ် နိုင်မည်ဖြစ်သဖြင့်   ဆိပ်ကမ်းစွမ်းဆောင်ရည်နှင့် ဝင်ငွေများတိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။

သို့ရာတွင် ရန်ကုန်ဆိပ်ကမ်းသည် မြစ်ဆိပ်ကမ်းဖြစ်သည့်အတွက် အနယ်ထိုင်နှုန်း များခြင်း၊ ကောက်ကွေ့ခြင်း၊ ရေတိမ်ကွက်နှင့်သောင်စွယ်များ ပေါများခြင်းတို့ကြောင့် ယခင်က Maintenance Dredging ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သော်လည်း  ၂၀၁၆ ခုနှစ်နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုများကြောင့် ရေကြောင်းပြောင်းလဲမှုနှင့် သောင်ထွန်းမှုများသည် ပိုမိုဆိုးရွား စွာ ဖြစ်တည်လာခဲ့သဖြင့် ရေလမ်းကြောင်းအခြေအန ရေရှည်ထိန်းသိမ်းထားနိုင်ရန် လိုအပ်လာ သည့်အတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သောင်တူး(၅)နှစ် စီမံကိန်းအား ၁၆-၉-၂၀၁၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှ စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ခဲ့ပြီး အဆင့်ဆင့်စိစစ် ရွေးချယ်ခဲ့ပါသည်။ စိစစ်ရွေးချယ်ရေးအဖွဲ့မှ Prefer Bidder အဖြစ် ရွေးချယ်ခဲ့သည့် Starhigh Asia Pacific Pte Ltd အား ပြည်ထောင်စု အစိုးရအဖွဲ့၏အစည်းအဝေးအမှတ်စဉ် ၂/၂၀၁၈မှ အတည်ပြုခဲ့သဖြင့် ၁၂.၃.၂၀၁၈ ရက်နေ့တွင် လုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆို၍ စီမံကိန်းလုပ်ငန်း စတင်ခဲ့ပါသည်။ ယခုအခါ  ဒုတိယနှစ်ပြီးဆုံး၍ တတိယနှစ်စတင်ရန် အချိန်ရောက်ရှိပြီဖြစ်ပါ သည်။

နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် သယ်ယူပို့ဆောင်ရေး စနစ်ပေါ်တွင် မှီခိုပါသည်။‌   ကုန်း/ရေ /လေ သယ်ယူပို့ဆောင်ရေးစနစ်တွင်   ရေကြောင်း ပို့ဆောင်ရေးသည် စီးပွားရေးအရ  တွက်ခြေအကိုက်ဆုံးစနစ်ဖြစ်သည့်အတွက် ရေကြောင်း သယ်ယူပို့ဆောင် ရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပြည်တွင်းပြည်ပ ဈေးကွက်များ အပေါ်လက်လှမ်း မှီချုပ်ကိုင်နိုင်ပြီး အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ရရှိစေနိုင်ပါသည်။ ထို့ပြင် သောင်တူးဖော်ခြင်းကြောင့် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု တိုးတက်ကောင်းမွန်လာပြီး ဆိပ်ကမ်း စွမ်းဆောင်ရည်၊ ဆိပ်ကမ်းဝန်ဆောင်ခနှင့် နိုင်ငံတော် အခွန်အခများတိုးတက်ရရှိလာခြင်းဖြင့် နိုင်ငံဝင်ငွေတိုးပွားရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။