MPA Logo

new banner

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရန်ကုန်မြစ်အနောက်ဘက်ကမ်း (Yangon River West Bank) သောင်ခုံကျေးရွာနှင့် ကွင်းဝိုင်းကျေးရွာအကြား ကမ်းပြိုတိုက်စားမှုကာကွယ် ထိန်းသိမ်းရေးစီမံကိန်း

Location Between Thaungkhone village and Kwinwine village at the west bank of Yangon river, Yangon Division
Project Construction of the river training wall at the west bank of Yangon river
MOU Signing Date 18-1-2020
Implementing Parties Myanma Port Authority and China Harbour Engineering Company Limited (CHEC Co., Ltd.)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်အနောက်ဘက်ကမ်း သောင်ခုံကျေးရွာနှင့် သရက်တော ကျေးရွာအကြားတွင် အလျား ၇ မိုင် ခန့်ရှိသည့် မြစ်ကမ်းပါးပြိုကျ တိုက်စားမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ၎င်းကမ်းပြိုကမ်းစားမှုများကြောင့် သဲနုန်းပို့ချမှုများဖြစ်ပေါ်ခြင်း၊ ရေလယ် သောင်ရွေ့လျားပြီး မတည်ငြိမ်ခြင်း၊ ဒီရေအတက်နှင့်အတူ အင်အားပြင်းလှိုင်းမြင့် ပုတ်ခတ် သည့်ဒဏ် အဆက်မပြတ် ခံစားရခြင်းတို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ  ကမ်းပြိုမှုမှာ ဆိုးရွားစွာဖြစ်ပေါ် လျက်ရှိပါသည်။ ထို့အပြင်ရန်ကုန်မြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာမြေနှင့် လယ်ယာမြေများ နှစ်စဉ် ဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်း၊ လယ်သမား၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ကြသည့် လူနေအိမ်ခြေများနှင့် အလွန် နီးကပ်လာခြင်းတို့ကြောင့် ဒေသခံပြည်သူတို့၏ လူမှုဘဝလုံခြုံစိတ်ချမှု လျော့နည်းလာခြင်းနှင့် နိုင်ငံတော်၏ ပို့ကုန်/သွင်းကုန် ၈၅% ကျော်ကိုင်တွယ် သော ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများဝင်/ ထွက်သွားလာသည့် ရန်ကုန် မြစ်ရေလမ်းကြောင်းအား နုန်းအနည်ကျ၍ သောင်ထွန်းမှုများ ပိုမိုဖြစ်ပေါ်လာခြင်း စသည်တို့ဖြစ်ပေါ် လျက် ရှိပါသဖြင့် ကမ်းပြိုတိုက်စားမှု၊ သောင်ထွန်းမှု ပိုမိုဆိုးရွားစွာ မဖြစ်နိုင်စေရန်နှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ကမ်းပါးထိန်းနံရံ(၁)ခု  တည်ဆောက်မည့် စီမံကိန်းဖြစ်ပါသည်။

အဆိုပါ စီမံကိန်းကို Feasibility Study (F.S) ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် China Harbour  Engineering Co., Ltd. တို့အကြား MOU လက်မှတ်ရေးထိုးခြင်းကို (၁၈-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ CHEC ကုမ္ပဏီအနေဖြင့် စီမံကိန်းဧရိယာသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းတိုင်းတာခြင်း၊ မြေသား စမ်းသပ်ခြင်းနှင့် မြေသားနမူနာများရယူခြင်း လုပ်ငန်းများကို (၁-၁-၂၀၂၁) ရက်နေ့မှ (၂၉-၁-၂၀၂၁) ရက်နေ့အထိလည်းကောင်း၊ မြေသားစမ်းသပ်ခြင်းအစီရင်ခံစာ (Soil Test Report) ပြုစုခြင်းကို (၃၀-၁-၂၀၂၁) ရက်နေ့မှ (၁၂-၄-၂၀၂၁) ရက်နေ့အထိလည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ကမ်းပြိုမှုကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ Feasibility Study အစီရင်ခံစာ (မူကြမ်း)ကို CHEC ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ (၂၀-၇-၂၀၂၁) ရက်နေ့တွင် တင်ပြခဲ့ပြီး CHEC ကုမ္ပဏီမှတင်ပြထားသော Feasibility Study အစီရင်ခံ စာ(မူကြမ်း)ပါ ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် Design ပုံစံများ၊ အခြေခံစံနှုန်း တွက်ချက်မှုများ၊ ခန့်မှန်းခြေကုန်ကျစရိတ်များ၊ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို နှစ်ဖက်အဖွဲ့အစည်းများဖြစ်သည့် MPA Working Group နှင့် CHEC Working Group တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး CHEC ကုမ္ပဏီမှ အဆိုပါ Feasibility Study အစီရင်ခံစာ (မူကြမ်း)အား Final Report အဖြစ်ပြုစု၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပြန်လည် တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အားဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်/ထွက်သွားလာနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်မှုကြောင့် နိုင်ငံတော်၏ဝင်ငွေ တိုးတက်ရရှိရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်ခြင်း၊ အနာဂတ်တွင် တိုးတက် များပြားလာမည့် နိုင်ငံတော်၏ ပို့ကုန်/ သွင်းကုန်များကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ် နိုင်ရန် အထောက်အကူဖြစ်စေခြင်းနှင့် ရန်ကုန်မြစ်အောက်ပိုင်း ကမ်းပြိုမှုကြောင့် ကျေးရွာ မြေနှင့် လယ်ယာမြေများ ဆုံးရှုံးလာခြင်းအား ကာကွယ်ထိန်းသိမ်းနိုင်ခြင်းဖြင့် ဒေသခံ ပြည်သူများ ဘေးကင်းလုံခြုံမှုရခြင်းနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။