MPA Logo

new banner

ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သီလဝါကမ်းနားဒေသ၊ အကွက်အမှတ် (၂၅)၊ ၂၆) တွင် ဂျပန်နိုင်ငံ၏ ODA Loan (MY-P3,My-P11) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သီလဝါဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်း

Location Thilawa port area plot no (25-26)
Project Sub-Project for Expansion of Yangon Port in Thilawa Area (Phase I)
Loan Agreement signing date 7-6-2013
Implementing Parties The Government of Myanmar and the Government of Japan
  • သီလဝါဧရိယာ၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ပထမအဆင့်) အောက်ရှိ သီလဝါကမ်းနားဒေသသို့ ရန်ကုန်ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရေးစီမံကိန်း (ပထမအဆင့်) အတွက် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့အကြား ချေးငွေစာချုပ်များဖြစ်သည့်  (MY-P3)ကို ၇-၆-၂၀၁၃ ရက်နေ့တွင် ချုပ်ဆို၍ ဂျပန်ယန်း ၈၇၃၀ သန်းကိုလည်းကောင်း၊ (MY-P11)ကို ၃၀-၆-၂၀၁၅ ရက်နေ့တွင် ချုပ်ဆို၍ ဂျပန်ယန်း ၁၄၇၅၀ သန်းကိုလည်းကောင်း၊ စုစုပေါင်းဂျပန်ယန်း ၂၃၄၈၀ သန်းကို ရယူခဲ့ပြီးဖြစ်ပါသည်။ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလမှာ ဆိုင်းငံ့ကာလ (၁၀)နှစ်အပါအဝင် စုစုပေါင်းနှစ်(၄၀)ဖြစ်ပြီး၊ ပေးဆပ်ရမည့်အတိုးနှုန်းမှာ (၁ နှစ်လျှင်) ၀.၀၁% ဖြစ်ပါသည်။
  • စီမံကိန်းအတွက် အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် Nippon Koei Co., Ltd  မှ Consulting Services လုပ်ငန်းများကို ၁၃-၇-၂၀၁၄ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး ၈-၉-၂၀၁၅ ရက်နေ့တွင် Nippon Koei Co., Ltd နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။  တည်ဆောက်ရေးကန်ထရိုက်တာအတွက် ၂၄-၂-၂၀၁၅ ရက်နေ့တွင် Price Bid Opening ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကန်ထရိုက်တာအဖြစ် စိစစ်ရွေးချယ် ခဲ့သော TOYO-JFEE JOINT VENTURE နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား နှစ်ဖက် သဘောတူကန်ထရိုက်စာချုပ်ကို ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ စီမံကိန်း၏ Package – 2 အတွက် ၃၀-၅-၂၀၁၆ ရက်နေ့တွင် Cargo Handling Equipments (ကုန်ကိုင်တွယ်စက်ကိရိယာများ) ဝယ်ယူရေးဆိုင်ရာ Bid Opening Ceremony ကို ဆောင်ရွက် ခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့်  Mitsui E & S Machinery Co.,Ltd နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား နှစ်ဖက်သဘောတူကန်ထရိုက်စာချုပ်ကို  ၃၁-၃-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သီလဝါကမ်းနားဒေသ၊ အကွက်အမှတ် (၂၅)၊ (၂၆) တွင် ဂျပန်နိုင်ငံ၏ ODA Loan ချေးငွေ ဂျပန်ယန်း (၂၃,၄၈၀) သန်း ရယူ၍ မူလ Contract စာချုပ်ပါ  စီမံကိန်း၏ Package – 1(Civil Work & Buildings)များဖြစ်သည့် Jacket Type Steel Structure Jetty တည်ဆောက်ခြင်းနှင့် နောက်ခံမြေ(၃၈) ဧကပေါ်တွင် Administration Building, Container  Freight  Station, Terminal Main Gate, Second Gate, Container Repair Shop,  Maintenance Shop, Marine Worker’s Lounge, Reefer Sub Station, Yard Pavement နှင့် X-Ray Facility များအပါအဝင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်း များအား ၁-၆-၂၀၁၆ ရက်နေ့မှ  စတင်ဆောင်ရွက်ခဲ့ရာ  ၃-၁၂-၂၀၁၈ ရက်နေ့တွင် (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ Contract Amendment အရ Additional Work; Civil Work & Buildings လုပ်ငန်းများဖြစ်သည့် အကွက်အမှတ်(၂၆)၏ နောက်ခံမြေဧရိယာတွင် Soil Improvement လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်  X-Ray Machine (၁)စုံ ဝယ်ယူ တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၃-၁၂-၂၀၁၉ ရက်နေ့တွင် (၁၀၀%)ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။
  • မူလ Contract စာချုပ်ပါ  စီမံကိန်း၏ Package – 2; Cargo Handling Equipment များဖြစ်သည့် Quay Crane(၂)စင်း၊ RTG (၆)စင်း၊ Reach Stacker (၃)စင်း၊ Trailer (၆)စင်း၊ Chassis (၆)စင်း စသည့်ကုန်ကိုင်တွယ်စက်ကိရိယာများ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို     ၃-၆-၂၀၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၃-၂-၂၀၁၉ ရက်နေ့တွင် (၁၀၀%) ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်ပါသည်။  Contract Amendment အရ Additional Cargo Handling Equipment များဖြစ်သည့် STS Crane (၁)စီး၊ RTG Crane (၃)စီး၊ Tractor Head & Chasis (၅)စုံတို့အား ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၃၁-၁-၂၀၂၁ ရက်နေ့တွင် (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။
  • Port Operation လုပ်ငန်းများကို Thilawa Multipurpose International Terminal Co.,Ltd(TMIT) မှ ၂၀-၅-၂၀၁၉ ရက်နေ့မှစ၍  ဆောင်ရွက်လျက်ရှိပါသည်။
  • ယခုအခါ စီမံကိန်း၏ Consultant Company ဖြစ်သည့် Nippon Koei Co.,Ltd သည်  ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်း၏ Package-II; Procurement of Cargo Handling Equipment များ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ Monitoring လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။