MPA Logo

new banner

ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များ

Location Kaladan River, Rakhine State
Project the construction and operation of a Multi-Modal Transit Transport facility on Kaladan River
Framework Agreement Signing date 2-4-2008
Implementing Parties The Government of the Republic of the Union of Myanmar and the Government of the Republic of India
  • မြန်မာနိုင်ငံရှိစစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သော ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးနယ်မြေ ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ်၊ လွယ်ကူချောမွေ့စေရေးဆိုင်ရာပရိုတိုကောတို့ကို  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရကိုယ်စား ပြည်ပရေးရာဌာန ဝန်ကြီးတို့သည် နယူးဒေလီမြို့၌ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် အောက်ပါသဘောတူစာချုပ် များအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။
  • လက်မှတ်ရေးထိုးခဲ့သော မူဘောင်သဘောတူစာချုပ်နှင့် ပရိုတိုကောတို့၏ အဓိကရည်ရွယ်ချက် များမှာ- နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုကောင်းမွန်ရေး၊ အိမ်နီးနားချင်း ကောင်း ပီသစွာဆက်ဆံနိုင်ရေး၊ နှစ်နိုင်ငံအကျိုးစီးပွားရေးနှင့် မိမိတို့ပြည်သူများ၏အကျိုးအတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြင့်မားစေရန် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေး ပေါင်းစပ်မှုနှင့် ပြည်သူအချင်းချင်းဆက်သွယ်မှု ပိုမိုလွယ်ကူစေရန်အတွက် သယ်ယူပို့ဆောင်ရေး အထောက်အကူပြု လုပ်ငန်းအပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်းများဖွံ့ဖြိုးတိုးတက်ရန်၊ နှစ်ဖက်အကျိုးစီးပွားအတွက် အတူပူးတွဲ၍ နှစ်နိုင်ငံဘက်စုံသုံး နယ်စပ်ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး တည်ဆောက်ရန်တို့ဖြစ်ပါသည်။
  • ကုလားတန်စီမံကိန်းတွင်ပါ၀င်သော စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းကို ၁၉-၁၂-၂၀၁၀ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝင်းအတွင်း ဆက်စပ် ရုံးအဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ပြီးစီး ခဲ့ပါသည်။ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၇-၇-၂၀၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းရေကြောင်းဆိပ်ကမ်းတည်ဆောက်ခြင်း၊ ဆိပ်ကမ်းဝင်း အတွင်း ရုံးနှင့်ဆက်စပ် အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
  • မြစ်တွင်းသွား တန် (၃၀၀) ရေယာဉ် (၆)စီး တည်ဆောက်ခြင်းလုပ်ငန်းအား ရန်ကုန်မြို့တွင်  ၁-၄-၂၀၁၃ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက် ပြီးစီး၍ ရေယာဉ်များအား ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသို့ ၂၆-၆-၂၀၁၇ ရက်နေ့တွင် စစ်တွေ မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
  • ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် အဆောက် အဦများ၏ တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀ သန်းခန့်နှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၏ တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၃၂၄ သန်းခန့် ဖြစ်ပြီး စီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းခန့်မှန်းတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ဖြစ်ပါသည်။
  • မော်တော်ကားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတစ်ခုလုံးကို Engineering Procurement Contract စနစ်ဖြင့် အိန္ဒိယအခြေစိုက် M/s EPI-C&C JV ကုမ္ပဏီမှ ဆောင်ရွက်လျှက်ရှိပြီး Project Management Consultant အဖြစ် IRCONISL မှ ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယသံရုံးမှ ပြောကြားထားပါသည်။ မော်တော်ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာနနှင့် အိန္ဒိယအခြေစိုက် M/s EPI-C&C JV ကုမ္ပဏီတို့ ညှိနှိုင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းကာလမှာ (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
  • ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သော တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် စစ်တွေဆိပ်ခံတံတားနှင့်ကပ်လျက် မြစ်အောက်ဘက်ရှိသော နေရာတွင် ကုန်သေတ္တာကိုင်တွယ်နိုင်သော ဆိပ်ခံတံတားနှင့် ပလက်ဝဆိပ်ကမ်းတွင်လည်း ကုန် သေတ္တာကိုင်တွယ်နိုင်သော ဆိပ်ခံတံတား တည်ဆောက်ရန်အတွက် AECOM India Private Ltd. မှ ရေးဆွဲ ပြုစုထားသော Detailed Project Report (DPR) အား သဘောတူညီမှုရှိပါကြောင်း အိန္ဒိယသံရုံးသို့ ပြန်ကြားထားပြီးဖြစ်ပါသည်။
  • ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သော တည်ဆောက်ပြီးစီးနေပြီးဖြစ်သည့် စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အဦများအား မော်တော်ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း မပြီးစီးသေးသည့်ကာလ အတွင်း စီမံခန့်ခွဲခြင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို Private Port Operator ရွေးချယ်ခန့်ထားပြီး ဆောင်ရွက် နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(MOU)အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရကိုယ်စား ပြည်ပရေးရာဝန်ကြီးဌာနမှ Foreign Secretary တို့သည် ၂၂-၁၀-၂၀၁၈ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာ၏ သက်တမ်းသည် မော်တော်ကားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးသည့်အချိန် သို့မဟုတ် (၅)နှစ် ထိုကာလ(၂)ရပ် အနက် စောရာကာလအား သတ်မှတ်ထားပါသည်။
  • နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာ(MOU)နှင့်အညီ အိန္ဒိယအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့သည် ၃-၁-၂၀၂၀ ရက်နေ့တွင် စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းနှင့် အဆောက်အအုံများအား စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် A to Z Exim Limited အား Port Operator အဖြစ် ရွေးချယ်ခန့်ထားခဲ့ ကြပါသည်။
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အဦများအား စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ရန်အတွက် A to Z Exim Limited သို့ ၃၁-၁-၂၀၂၀ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ ပါသည်။
  • A to Z Exim Limited သည် စစ်တွေဆိပ်ကမ်းတွင် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။