MPA Logo

new banner

ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ သင်္ဘောကျင်းအဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်း (King’s Bank Project) ၏ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေ အကျဉ်းချုပ်

Location King’s Bank area, western part of Yangon River
Scope of MOU Cooperation works such as Shipping, Maritime Logistics, Port Development and Feasibility Study associated with port areas
MOU Signing date 10-4-2013
Implementing Parties Ministry of Transport and Communications, Myanmar and Ministry of Oceans and Fisheries, the Republic of Korea
  • မြန်မာနိုင်ငံ၏ အနာဂါတ်ဆိပ်ကမ်းဖွံ့ဖြိုးရေး ပင်လယ်ရေကြောင်းဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ပင်လယ်ရေကြောင်းသင်္ဘောလုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(ယခင်ပို့ဆောင်ရေးဝန်ကြီးဌာန)နှင့် ကိုရီးယား သမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနတို့သည် ၁၀-၄-၂၀၁၃ ရက်နေ့တွင် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။
  • အဆိုပါ နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ သမ္မတကမ်းခြေဒေသတွင် ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် Feasibility Study ပြုလုပ်နိုင်ရေးနှင့်ပတ်သက်၍ 1st  Working Level Meeting အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၌ ၉-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး Minutes of Working Level Meeting အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုး၍ သမ္မတ ကမ်းခြေဒေသ(King’s Bank)၊ အံ့ကြီးဧရိယာတွင် Feasibility Study လုပ်ငန်းများကို ကိုရီးယား သမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် Hyein E & C Co., Ltd မှ ဆောင်ရွက်ခဲ့ကြပါသည်။
  • ဆက်လက်၍ ၁၀-၄-၂၀၁၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ယခင် ပို့ဆောင်ရေးဝန်ကြီးဌာန)နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအား အသစ်ပြန်လည်ပြင်ဆင်ဖြည့်စွက်သည့် နားလည်မှုစာချွန်လွှာ(MoU) ကို ၃-၉-၂၀၁၉ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ ကြပါသည်။ ပြင်ဆင်ဖြည့်စွက်ထားသည့် နားလည်မှုစာချွန်လွှာ(MoU)အရ Shipping, Shipyard Upgrading, Logistics and Port Development and Management လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် Feasibility Study ဆောင်ရွက်ခြင်းလုပ်ငန်းတို့ ပါဝင်ပါသည်။
  • သမ္မတကမ်းခြေဒေသ(King’s Bank) ဆိပ်ကမ်းဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ အံ့ကြီးသင်္ဘောကျင်း ဧရိယာအပြင် သမ္မတကမ်းခြေဧရိယာပါထည့်သွင်းပြီး စုစုပေါင်းဧရိယာ ၁၅၀ ဧကခန့်တွင် ဆိပ်ကမ်း ဖွံ့ဖြိုးရေး၊ Port Hinterland ၊ အံ့ကြီးသင်္ဘောကျင်း အဆင့်မြင့်တင်ပြုပြင်ခြင်းနှင့် Business Plan များပါဝင် သည့် Feasibility Study ကို Ministry of Oceans and Fisheries ဦးဆောင်မှုဖြင့် Hyein E&C Co.,Ltd., SOOSUNG Engineering & Consulting, Korea Maritime Institute တို့မှ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး၊ ၇-၂-၂၀၂၀ ရက်နေ့တွင် Presentation of 2nd Interim Report and 5th Working Level Meeting ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ကျင်းပခဲ့ပါသည်။
  • အဆိုပါ Feasibility Study ပြုလုပ်ခြင်းလုပ်ငန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းအပြီး ဆောင်ရွက်၍ Final Report တင်ပြရမည်ဖြစ်သော်လည်း လက်ရှိကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါကြောင့် ယာယီရွှေ့ဆိုင်းရပြီး၊ COVID-19 ကူးစက်ရောဂါအခြေအနေ တည်ငြိမ်သွားသည့်အချိန်တွင် Final Report အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လာရောက် ရှင်းလင်းတင်ပြခွင့်ပြုပါရန် တင်ပြခဲ့ပါသည်။
  • ထို့နောက် ယနေ့အချိန်အထိ COVID-19 ကူးစက်ရောဂါသည် ကမ္ဘာအနှံ့အပြားတွင် ဆက်လက်ဖြစ်ပွားနေပါသဖြင့် သမ္မတကမ်းခြေဒေသ(King’s Bank)တွင် ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် Business Plan အပါအဝင်  Feasibility Study ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းဖော်ပြထားသော Final Report အား Video Conference ဖြင့် ရှင်းလင်း ဆွေးနွေးခွင့်ပြုပါရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ တင်ပြပေးပို့ခဲ့ရာ ခွင့်ပြုခဲ့ပါသဖြင့် ၂၃-၁၀-၂၀၂၀ ရက်‌နေ့တွင် Ministry of Oceans and Fisheries မှ Director General နှင့်တာဝန်ရှိသူများမှ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများအား Final Report ကို Video Conference ဖြင့် ရှင်းလင်းတင်ပြ၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
  • စီမံကိန်း၏ နောက်ဆုံးအစီအရင်ခံစာအား ကိုရီးယားသမ္မတနိုင်ငံ၊ သမုဒ္ဒရာနှင့်ငါးလုပ်ငန်း ဝန်ကြီးဌာန မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ပါကြောင်း တင်ပြစာအား ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှတစ်ဆင့် အကြောင်းကြားထားပါသည်။
  •  သမ္မတကမ်းခြေဒေသ(King’s Bank) ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် Ministry of Oceans and Fisheries နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိတွင် ကိုရီးယားသမ္မတနိုင်ငံမှ ပူးပေါင်းဆောင်ရွက် မှုများ ယာယီရပ်ဆိုင်းထားသည်ဟု သိရှိရပါကြောင်း တင်ပြအပ်ပါသည်။