MPA Logo

Fixed Pilot Station တွင် အသုံးပြုလျက်ရှိသော Genset(Denyo,DCA-400SPKII, 400 kVA) မှ Radiator Tank အကြီးစား ပြုပြင်ခြင်းလုပ်ငန်း အတွက် တင်ဒါဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Fixed Pilot Station တွင် အသုံးပြုလျှက်ရှိသော Genset (Denyo, DCA-400SPKII, 400 kVA) မှ Radiator Tank အကြီးစား ပြုပြင် ခြင်းလုပ်ငန်းဖြစ်သော  Radiator Tank မှ ဆိုးရွားစွာ ပျက်ဆီးနေသည့် Copper Radiator Cores (1000 x 1000 x 100 mm) အသစ်လဲလှယ် ပြုပြင်တပ်ဆင် ပေး ခြင်း နှင့် Radiator Tank အား Fixed Pilot Station မှ အင်ဂျင်ခန်းအတွင်းသို့ ပြန်လည်တပ်ဆင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများ အတွက်ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများ ကို တင်ဒါပုံစံ တွင် ပူးတွဲထားပါသည်။ အထက်ပါ လုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အားခ ဆိုစျေး နှုန်းများ တင်သွင်းရန် ဖိတ်ခေါ် ပါ သည်။

၂။  လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခ ဆိုစျေးများကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်း နိုင်ပါသည်။

၃။   တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၇၀,၀၀၀/-(ကျပ် ခုနစ်သောင်းတိတိ)ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထား သည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။   ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများ နှင့် တင်ဒါစည်းကမ်းချက်ပါစာရွက်စာတမ်းများကို ယနေ့မှစ၍( ၁၄ – ၉ – ၂၀၂၂) နေ့ရက်အတွင်း (ရုံးဖွင့်ရက်) ရုံးချိန် များ၌ ခေါင်းစည်းပါလိပ်စာတွင် တစ်စောင်လျှင် ၅၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

လိပ်မူရမည့်ပုဂ္ဂိုလ်                                                 – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်  – ( ၁၄ – ၉ – ၂၀၂၂) ရက် ( ၁၅: ၀၀ ) နာရီ

နေရာ                                                                        – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်     – ( ၁၅ – ၉ – ၂၀၂၂ ) ရက် ( ၁၃ : ၀၀ ) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                           – ( ၁၅ – ၉ – ၂၀၂၂ ) ရက် ( ၁၃ : ၀၀ ) နာရီ

နေရာ                                                                        – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။      တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကို ဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။      အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာ ရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

wpChatIcon
wpChatIcon