MPA Logo

၂၀၂၄ ခုနှစ်၊ မေလအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးအတွင်း(၂၀၂၄ ခုနှစ်၊ မေလ အတွက် အသုံးပြုရန် လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါ သဖြင့် အိတ်ဖွင့် တင်ဒါများအား ၂၅-၄-၂၀၂၄ ရက်နေ့၊(၁၃:၀၀)နာရီ နောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၃-၄-၂၀၂၄) ရက်နေ့မှ စ၍ (၂၃-၄-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။