MPA Logo

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃ – ၂၀၂၄ ခု၊ ဘဏ္ဍာရေးအတွင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အတွက် လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ် ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား  ၂၈၁၂၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ် အပ် ပါသည်။

၂။တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနား လမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၁၃-၁၂-၂၀၂၃) ရက်နေ့မှ စ၍ (၂၆-၁၂-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။