MPA Logo

ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော် ရှင်းလင်းခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြစ် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား  သောင်တူးလုပ်ငန်းအတွေ့အကြုံ/ စက်ယန္တရား/ နည်းပညာ ပြည့်စုံသော ပြည်တွင်း/ပြည်ပ/ဖက်စပ်ကုမ္ပဏီကြီးများအနက် အသင့်လျှော်ဆုံး ကုမ္ပဏီတစ်ခုအား တင်ဒါစိစစ်ရွေးချယ်ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက် (၁/၂၀၁၇) အပိုဒ် ၂၆/၂၇/၂၈/ ၂၉/ ၃၀ တို့နှင့်အညီ စိစစ်ရွေးချယ်၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီကြီးများအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်-

      (က) တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ   -ဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်

      (ခ) တင်ဒါလျှောက်လွှာများရောင်းချမည့်ရက်   – ၁-၄-၂၀၂၄ မှ ၂၂-၄-၂၀၂၄ထိ(ရုံးချိန်)

      (ဂ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန်-၃၀  – ၄  -၂၀၂၄   (၁၃:၀၀)နာရီ

      (ဃ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

       (င) တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်- ၃၀ – ၄  -၂၀၂၄ (၁၄:၀၀)နာရီ

၃။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-

          (က) ရေကြောင်းဌာန        –         ၀၁၈၂၄၆၃၈၀၊ ၀၁၈၃၈၇၁၁၇ လိုင်းခွဲ (၂၁၁)

          (ခ) ဗဟိုပစ္စည်းထိန်းဌာန  –        ၀၈၁၆၁၀၂၃၀