MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂ခုနှစ်၊ မေလ()ရက်နေ့မှ မေလ()ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၀၁)ပေခန့်မှ (၂၀.၁၄)ပေခန့်အထိ သာမန်ထက် ထူးကဲ ဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ် အတွင်းအခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံ ရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့် အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ် ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။