MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၁၈)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ် အတွင်းအခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၀.၁၁)ပေခန့်မှ (၂၀.၃၇)ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့်စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့် သည် အခြေခံရေ စစ်မျဉ်းအထက် အမြင့် (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြ သော လုပ်သား ပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့သတိပေး သတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။