MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန် မြစ် အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၁၉.၉၈)ပေခန့်မှ (၂၀.၃၇)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့် ထိ တက်ခဲ့ဖူး သဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေ အမြင့်သည် အခြေခံရေစစ်မျဉ်း အထက် အမြင့်(၂၀)ပေ ကျော်လွန် နိုင် သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သား ပြည်သူများအား ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ် ပါသည်။