MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိကာလအတွင်းတွင် ရန်ကုန် မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၁၄)ပေခန့် မှ (.၁၃)ပေခန့် အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန် မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေ ခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ် ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေ အမြင့်သည် အခြေခံရေ စစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင် ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်း ကြားအပ်ပါသည်။