MPA Logo

စတီဗီဒို(၆)ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ စက်မှုအင်ဂျင်နီယာဌာန၊ အံ့ကြီးသင်္ဘောကျင်းတွင် စတီဗီဒို(၆)ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။ အထက်ပါ လုပ်ငန်းအတွက် ပြုပြင် ပေးရမည့် လုပ်ငန်းများနှင့် အသုံးပြုရမည့် ပစ္စည်းများ၏ ခန့်မှန်း‌ခြေ စာရင်းကို နောက်ဆက်တွဲ (က) ဖြင့် ဖော်ပြ ထားပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင်ပစ္စည်းနှင့်လုပ်ခ ဆိုစျေးနှုန်း များကို တွက်ချက်ဖော်ပြ၍ ချိတ်ပိတ်တင်သွင်းနိုင်ပါသည်။

၃။ ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် -၁၅၀,၀၀၀/- (ကျပ်တစ်သိန်းငါးသောင်းတိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့) ချလံ မိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့် လုပ်အားခဆို‌စျေးနှုန်း တင်သွင်းရမည့် ပုံစံများ နှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို (  ၁၃-  ၉ – ၂၀၂၃) နေ့မှစ၍ (  ၁၄ –  ၉  – ၂၀၂၃) နေ့ရက်အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ် (၅) (က) ပါ လိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)     ဆိုစျေးနှုန်းတင်သွင်းရမည့် ရုံးလိပ်စာနှင့်   – အံ့ကြီးသင်္ဘောကျင်း၊ စက်မှုအင်ဂျင်နီယာဌာန

အံ့ကြီးအရှေ့ရပ်ကွက်၊ ဒလမြို့နယ်။

ဖုန်းနံပါတ် – ၀၉  ၄၄၄၈၇၉၆၇၄ / ၀၉ ၂၅၂၆၆၉၅၄၂

လိပ်မူရမည့်ပုဂ္ဂိုလ်                    – ဥက္ကဋ္ဌ၊တင်ဒါစီစစ်ရေးကော်မတီ

(ခ)       တင်သွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန် – (  ၁၄   –  ၉ – ၂၀၂၃) ရက်  (  ၁၃ :  ၀၀ ) နာရီ

(ဂ)       ဆိုစျေးနှုန်းဖွင့်လှစ်မည့် နေ့ရက်/အချိန် – (  ၁၄   –   ၉  – ၂၀၂၃) ရက် (  ၁၃  : ၀၀ ) နာရီ                                                            နေရာ               – အစည်းအဝေးခန်းမ( နိုင်/လူ/တိုး )

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)

အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစီစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် စျေးနှုန်းလွှာကိုဖြစ်စေ၊ မည်သည့်စျေးနှုန်း လွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင်ပယ်ဖျက်ခွင့်ရှိသည်။မည်သည့်အတွက်ကြောင့်ပယ်ဖျက်ကြောင်းကို ရှင်းလင်းဖော်ပြရန် တာဝန်ယူမည်မဟုတ်ပါ။

၇။ အထက်ဖော်ပြပါ လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရုံးချိန်၌သက်ဆိုင်ရာရုံးတွင် လာရောက်စုံစမ်း မေးမြန်းနိုင်ပါသည်။