MPA Logo

Remote Control System အတွက် လိုအပ်သည့် NORISYS-4 24 DIO Digital IN/OUT Extension Unit(D-4) and (D-5)ပစ္စည်း (၂)မျိုး ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှဝယ်ယူပေးရန်မှာကြားလာသည့်မာန်အောင်(၃)ရေယာဉ်တွင် တပ်ဆင်အသုံးပြုလျှက်ရှိသော စက်မကြီးများ၏ Remote Control System အတွက် လိုအပ်သည့် NORISYS – 4 24 DIO  Digital IN/OUT  Extension  Unit(D-4)and (D-5)ပစ္စည်း(၂)မျိုးကို ဝယ်ယူရေးကိစ္စ အတွက်အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြု စျေးနှုန်းတွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှကျခံ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။အထက်ဖော်ပြ ပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ်အလိုက်ထုတ်ပေးသည့် အခွန်ကင်းရှင်း  ကြောင်း ထောက်ခံချက်(မိတ္တူ)၊တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ကုမ္ပဏီ/အရောင်းဆိုင်၏ သက်တမ်းရှိ လိုင်စင်(မိတ္တူ)နှင့်အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏အမျိုးအစားတို့ကိုပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည်မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ်၂၅၀,၀၀၀/-(ကျပ် နှစ်သိန်း ငါးသောင်းတိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် ၂၆၂၀၂၃ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါ တင်သွင်းရန် ပုံစံ နှင့် တင်ဒါစည်းကမ်းချက်များကို  တစ်စုံလျှင်   ကျပ်  ၂,၀၀၀/-  နှုန်းဖြင့် (၁၉-၉-၂၀၂၃) ရက်နေ့မှစ၍ (၂၆-၉-၂၀၂၃)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်းဌာန ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါ သည်။

၅။        တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်           –

နောက်ဆုံးနေ့ရက်/အချိန်

၂၈-၉-၂၀၂၃ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)