MPA Logo

Pilot Boat(3) လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများအတွက် တင်ဒါဆို ဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Pilot Boat (No.3) လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများမှ Fiber ကိုယ်ထည် ပြင်ဆင်ခြင်းနှင့် D-Shape rubber Fender နှင့် Hand rail များအသစ်လဲလှယ်ခြင်း၊ လက်သမားပိုင်း ဆိုင်ရာ ပြုပြင်ခြင်းနှင့် Steering and rudder Unit ပြုပြင်ခြင်း၊ Main Engine Maintenance(P&S) ပြုပြင် ခြင်းနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင် ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင်ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကိုတွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခဆိုစျေးနှုန်း များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် Fiber ကိုယ်ထည်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် စပေါ်ငွေကျပ် ၁၀၀,၀၀၀/- (ကျပ် တစ်သိန်း တိတိ)နှင့် D-Shape rubber Fender နှင့် Hand rail များအသစ်လဲလှယ်ခြင်း၊ လက်သမားပိုင်း ဆိုင် ရာပြုပြင်ခြင်းနှင့် Steering and rudder Unit ပြုပြင်ခြင်း၊ Main Engine Maintenance(P&S) ပြုပြင် ခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းလုပ်ငန်းများ အတွက် စပေါ်ငွေကျပ် ၁၅၀၀၀၀/- (ကျပ် တစ်သိန်း ငါးသောင်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရ ပြေစာ မိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၈-၆-၂၀၂၃) နေ့ (၀၉:၀၀)နာရီအတွင်း(ရုံးဖွင့်ရက်) ရုံးချိန် အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

လိပ်မူရမည့်ပုဂ္ဂိုလ်                                               – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၈-၆- ၂၀၂၃) ရက် (  ၀၉: ၀၀ ) နာရီ

နေရာ                                                                        – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်     – (၈- ၆ – ၂၀၂၃ ) ရက် ( ၀၉ : ၃၀ ) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                            – (၈- ၆- ၂၀၂၃ ) ရက် ( ၁၀ : ၀၀ ) နာရီ

နေရာ                                                                               – အစည်းအဝေးခန်းမ (၂)

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာ ရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။