MPA Logo

MIP, AWPT, HPT, MITT ဆိပ်ကမ်းဝင်းများမှ ကုန်သေတ္တာ(၁၆)လုံးနှင့် LCL Shipment (၁၀)ခု အတွင်းရှိ ကုန်ပစ္စည်းများကို လေလံတင်ရောင်းချရန် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ MIP, AWPT, HPT & MITT ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ(၁၆)လုံးနှင့် LCL Shipment (၁၀)ခုအတွင်းရှိှ Printing Paper, Cassia Seed, Fire Foam, Household Goods, JOSS Paper, ORO Fresh, Medicine, Marble Tile & Construction Material စသည့် ကုန်ပစ္စည်းများအား လက်ရှိမျက်မြင် အခြေအနေအတိုင်း      (၂၁-၃-၂၀၂၄) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲ ရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၇-၃-၂၀၂၄ ရက်နေ့မှ ၁၉-၃-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်းဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ်သိရှိလိုပါက  တယ်လီဖုန်း အမှတ်၊ ၀၉-၄၂၀၀၂၈၅၈၆ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။