MPA Logo

M.S Plate 20′ x 5′ x 6 mm (27.5) Sheets ကို ဝယ်ယူနိုင်ရေး ကိစ္စ အတွက်အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဝယ်ယူပေးရန် မှာကြားလာသည့် M.S Plate 20′ x 5′ x 6 mm (27.5) Sheets ကို ဝယ်ယူရေး ကိစ္စ အတွက် အိတ်ဖွင့် တင်ဒါ တင်သွင်း ရန် ဖိတ်ခေါ် အပ်ပါသည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့်စာချုပ် တံဆိပ် ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှသက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက်ထုတ်ပေးသည့် အခွန်ကင်းရှင်း ကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ ကုမ္ပဏီ/အရောင်းဆိုင်၏ သက်တမ်းရှိ လိုင်စင်(မိတ္တူ)နှင့်အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏အမျိုးအစားတို့ကိုပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ်၂၅၀,၀၀၀/-(ကျပ် နှစ်သိန်းငါးသောင်းတိတိ)ကိုတင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနတွင် ၁၇၁၀၂၀၂၃ရက်နေ့၊(၁၅:၀၀)နာရီနောက်ဆုံးပေးသွင်းရန်ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ်၂,၀၀၀/-နှုန်းဖြင့်(၁၁-၁၀-၂၀၂၃) ရက်နေ့မှ စ၍(၁၇-၁၀-၂၀၂၃)ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်းဗဟိုပစ္စည်းထိန်းဌာန၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗိုလ်တထောင် ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁၉-၁၀-၂၀၂၃ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)