MPA Logo

100 KVA 3 Phase, 4 Wire Diesel Engine Generator, Westin Power Generator Model TC 110 L အမျိုးအစား Gen Set (1)Set (Brand New)ဝယ်ယူနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စက်မှုအင်ဂျင်နီယာဌာနမှ ဝယ်ယူပေးရန် မှာကြားလာသည့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ သီရိအဏ္ဏဝါခန်းမတွင် ဓါတ် အားပြတ်တောက်ချိန်၌ အရေးပေါ် အသုံးပြုရန် လိုအပ်သော100KVA 3Phase, 4Wire Diesel Engine Generator, Westin Power Generator Model TC 110L အမျိုးအစား Gen Se (1)Set (Brand New) ကို ဝယ်ယူရေး ကိစ္စ အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါ သည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင် ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။အထက်ဖော်ပြပါ ပစ္စည်း များကိုဌာနအရောက်ပေးပို့ရမည်ဖြစ်ပါသည်။​

၂။တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာစည်းကြပ်နှစ်အလိုက်ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ကုမ္ပဏီ/အရောင်း ဆိုင်၏သက်တမ်းရှိ လိုင်စင်(မိတ္တူ)နှင့်အဆိုပြုစျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏အမျိုးအစားတို့ကို ပြည့်စုံစွာပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။အထက်ပါ အချက်အလက်များ ပြည့်စုံစွာပူးတွဲတင်ပြ ထား ခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်း စားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ် ၆၀၀,၀၀၀/-(ကျပ် ခြောက်သိန်း တိတိ)ကိုတင်ဒါစပေါ်ငွေ အဖြစ်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင်၁၆၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ် ၅,၀၀၀/-နှုန်းဖြင့် (၉.၁.၂၀၂၄)ရက်နေ့မှစ၍(၁၆-၁-၂၀၂၄)ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်းဗဟိုပစ္စည်းထိန်းဌာန၊ မြန် မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူ နိုင်ပါသည်။

၅။        တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်        –

နောက်ဆုံးနေ့ရက်/အချိန်

၁၈၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံ

မည်မဟုတ်ပါ)