MPA Logo

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အတွက်လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ(Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား  ၁၉၁၀၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၄-၁၀-၂၀၂၃) ရက်နေ့မှစ၍ (၁၇-၁၀-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။