MPA Logo

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အတွက် လိုအပ် သော)ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား  ၂၃၁၁၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တ ထောင် ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၇-၁၁-၂၀၂၃) ရက်နေ့ မှစ၍ (၂၁-၁၁-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။