MPA Logo

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုရန် လိုအပ်သောစက်သုံးဆီ အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနအတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် အသုံးပြုရန် လိုအပ်သော စက်ဆီ /ချောဆီ (Lubricants) (၆)မျိုးနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရှိ ဌာနများအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ(Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား  ၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၂၀-၆-၂၀၂၃) ရက်နေ့မှ စ၍ (၄-၇-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူ နိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။