MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စက်တင်ဘာလအတွက် စက်သုံးဆီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွက်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၂ခုနှစ်၊ စက်တင်ဘာ လ အတွက်)  ဒီဇယ်ဆီ (High Speed Diesel)  ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၂၀၂၂ ရက်နေ့၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း ၊Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ် တွင် (၁၆-၈-၂၀၂၂)  ရက်နေ့မှ  စ၍  (၃၀-၈-၂၀၂၂) ရက်နေ့ ထိ ရုံးချိန် အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။