MPA Logo

လေလံကုန်သေတ္တာ(၄)လုံးနှင့် LCL Shipment (၁၃)ခုအတွက် အိတ်ဖွင့် တင်ဒါဖိတ်ခေါ်ခြင်း

၁။ လေလံကုန်သေတ္တာ(၄)လုံးနှင့် LCL Shipment (၁၃)ခုတွင်ပါဝင်သော အောက်ဆီဂျင်အိုး၊ လက်အိတ်များ၊ ကြောင်သဲ(Cat Cuttle), SILICON ကုန်ကြမ်းပစ္စည်းများ၊ အဝတ်အထည် အဟောင်းများ၊ Engine Oil များနှင့် စသည့်ပစ္စည်းအမျိုးမျိုးတို့ကို လက်ရှိ မျက်မြင် အခြေအနေ အတိုင်း(၂၆-၁၀-၂၀၂၃) ရက်နေ့(၁၃း၀၀) နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ထုခွဲ ရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၁၁-၁၀-၂၀၂၃ရက်နေ့မှ ၂၄-၁၀-၂၀၂၃ ရက်နေ့အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ်  သိရှိလိုပါက  တယ်လီဖုန်း အမှတ်၊ ၀၉-၂၅၀၂၈၄၁၂၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။