MPA Logo

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း၏ သံမဏိယက်မများတပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အား ယာယီပိတ်ထားမည့် အစီအစဉ်အား အသိပေးကြေငြာခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီဌာန၏ အသိပေးအကြောင်းကြားချက်အရ ကိုရီယား သမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင် ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်း လမ်း နှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား အောက်ဖော်ပြပါနေ့ရက်များတွင် ယာယီလမ်း ပိတ်ပြီး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်တင် ယာဉ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိပေး ကြေငြာ အပ်ပါသည်-

စဉ်

ယာယီလမ်းပိတ်မည့်

လမ်းအပိုင်း

လမ်းပိတ်မည့်ကာလ

ကြာချိန်

မှတ်ချက်

မှ

ထိ

၁။ ကမ်းနားလမ်းသစ်

(ပန်ဆိုးတန်းလမ်းထိပ်နှင့် အလုံ မြို့နယ်၊ စံပယ်လမ်းထိပ်ကြား အပိုင်း

၁၈ – ၃ – ၂၀၂၃ ၁၉ – ၃- ၂၀၂၃ ၂ ရက်
၂၃ – ၃ – ၂၀၂၃ ၂၃ – ၃ -၂၀၂၃ ၁ ရက်
၂၅ – ၃ – ၂၀၂၃ ၂၇ – ၃ – ၂၀၂၃ ၃ ရက်