MPA Logo

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ အောင်ပင်လယ်(၄) ရေယာဉ်အား လွန်းတင်ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း

၁။ စက်မှုအင်ဂျင်နီယာဌာန၊ အံ့ကြီးသင်္ဘောကျင်းတွင် အောင်ပင်လယ်(၄)ရေယာဉ် လွန်းတင်ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် ပစ္စည်းနှင့် လုပ်အားခ ဆိုဈေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။ အထက်ပါ လုပ်ငန်း အတွက် ပြုပြင်ပေးရမည့် လုပ်ငန်းများနှင့် အသုံးပြုရမည့်ပစ္စည်းများ၏ ခန့်မှန်းချေစာရင်းကို နောက်ဆက်တွဲ (က)ဖြင့် ဖေါ်ပြ ထားပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖေါ်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်အားခ ဆိုဈေးနှုန်းများကို တွက်ချက်ဖေါ်ပြ၍ ချိတ်ပိတ်တင်သွင်းနိုင်ပါသည်။

၃။ ဆိုဈေးနှုန်းတင်သွင်းရာတွင် ငွေကျပ် -၁၀၀,၀၀၀/- (ကျပ်တစ်သိန်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့) ချလန် မိတ္တူအား တင်ဒါနှင့်အတူပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုဈေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့် လုပ်အားခဆိုဈေးနှုန်း တင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို (၈-၃-၂၀၂၃)နေ့မှစ၍ (၉-၃-၂၀၂၃) နေ့ရက်အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅) (က) ပါ လိပ်စာတွင် လာရောက်ထုတ် ယူနိုင် ပါသည်။

၅။ ဆိုဈေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုဈေးနှုန်းတင်သွင်းရမည့် ရုံးလိပ်စာနှင့် – အံ့ကြီးသင်္ဘောကျင်း၊ စက်မှုအင်ဂျင်နီယာဌာန

                                                              အံ့ကြီးအရှ့ရပ်ကွက်၊ ဒလမြို့နယ်။

                                                              ဖုန်းနံပါတ်-၀၉ ၄၄၄၈၇၉၆၇၄/ ၀၉ ၂၅၂၆၆၉၅၄၂

                               လိပ်မူရမည့်ပုဂ္ဂိုလ်            -ဥက္ကဋ္ဌ၊တင်ဒါစီစစ်ရေးကော်မတီ

(ခ) တင်သွင်းရမည့်နောက်ဆုံးရက်/အချိန်       – (၉-၃-၂၀၂၃) ရက် (၁၃ : ၀၀)နာရီ

(ဂ) ဆိုဈေးနှုန်းဖွင့်လှစ်မည့် နေ့ရက်/အချိန်      – (၉-၃-၂၀၂၃)ရက် (၁၃ : ၀၀)နာရီ

                      နေရာ                                      – အစည်းအဝေးခန်းမ (နိုင်/လူ/တိုး)

                                                                      – မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)

                                                                      – အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစီစစ်ရေးကော်မတီသည် ဈေးနှုန်းအနည်းဆုံးတင်သွင်းသည့် ဈေးနှုန်းလွှာကိုဖြစ်စေ၊ မည်သည့် ဈေးနှုန်းလွှာကိုဖြစ်စေ လက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။ မည်သည့်အတွက်ကြောင့် ပယ်ဖျက် ကြောင်း ကို ရှင်းလင်းဖေါ်ပြရန်တာဝန်ယူမည်မဟုတ်ပါ။

၇။ အထက်ဖေါ်ပြပါလုပ်ငန်းနီင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုရုံးချိန်၌သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်း မေးမြန်းနိုင်ပါသည်။