MPA Logo

နိုင်ငံခြားသင်္ဘောကြီးများသို့ ရိက္ခာပေးသွင်းရန် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန  မှ  ကိုင်တွယ်ရသော  နိုင်ငံခြား       သင်္ဘောကြီးများအတွက် လိုအပ်သော   ရိက္ခာပေးသွင်းခြင်း   လုပ်ငန်းကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပေးသွင်းနိုင်ပါသည်။

၂။ အဆိုပြုလွှာတင်သွင်းမည့် ကုမ္ပဏီအနေဖြင့် စားသောက်ကုန် ထုတ်လုပ်၊သိုလှောင်၊ ထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များအား စားသုံးသူ ဘေးအန္တရာယ်ကင်းစင်စေ ရေးအတွက် စနစ်တကျဆောင်ရွက်ထားရှိမှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Food Safety Certificate) တစ်ခုခု ရှိရမည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ နှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ကိုယ်စားလှယ် လုပ် ငန်းဌာနရှိ ရှင်း/ပို့ရိက္ခာဌာနစုတွင် ရုံးချိန်အတွင်း အမျိုးသားမှတ်ပုံတင်/နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင်ထားသူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများလာရောက်၀ယ်ယူတင်သွင်းနိုင်ပြီးသိရှိလိုသောအချက်များရှိပါကတယ်လီဖုန်းနံပါတ်၊ ၀၁-၂၃၀၁၉၂၅   ကိုစုံစမ်းနိုင်ပါသည်။

၄။ တင်ဒါပုံစံရောင်းချမည့် နေ့ရက် ၆-၅-၂၀၂၄ ရက်နေ့မှ ၁၇-၅-၂၀၂၄ ရက်နေ့ထိရုံးဖွင့်ရက်

(ရုံးချိန်အတွင်း)

၅။ တင်ဒါပိတ်မည့် နေ့ရက်  ၃၀-၅-၂၀၂၄ ရက်နေ့/ အချိန်   (၁၃:၀၀) နာရီ

၆။ သတ်မှတ် အချိန်ကာလထက်ကျော်လွန်သော  တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။