MPA Logo

စတီဗီဒို(၃)နှင့် စတီဗီဒို(၄)ရေယာဉ်(၂)စီးအတွက် လိုအပ်နေသော ပန်ကာ (၂)လက်ကို ဝယ်ယူနိုင်ရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာနမှဝယ်ယူပေးရန် မှာကြားလာသည့် စတီဗီဒို (၃)နှင့်စတီဗီဒို (၄) ရေယာဉ်(၂)စီးအတွက် လိုအပ်နေသောပန်ကာ(၂)လက်ကို ဝယ်ယူရေးကိစ္စ အတွက်အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။အဆိုပြုစျေးနှုန်းတွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီ မှ ကျခံဆောင်ရွက် ပေးရန်ဖြစ်ပါသည်။ အထက် ဖော်ပြပါပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ ကုမ္ပဏီ/ အရောင်းဆိုင်၏ သက်တမ်းရှိ လိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏အမျိုး  အစားတို့ကိုပြည့်စုံစွာ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၃၀၀,၀၀၀/- (ကျပ် သုံးသိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၃၀၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံးပေး သွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါ တင်သွင်းရန် ပုံစံနှင့် တင်ဒါ စည်းကမ်းချက်များကို  တစ်စုံလျှင် ကျပ် ၂,၀၀၀/-  နှုန်း ဖြင့် (၂၂-၁-၂၀၂၄) ရက်နေ့မှစ၍ (၃၀-၁-၂၀၂၄) ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်း ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်းတွင် လာရောက်ဝယ်ယူနိုင်ပါ သည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁-၂-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝ

လက်ခံမည်မဟုတ်ပါ)